ပထမဆုံးအကြိမ် ယူအေအီး စာပေဟောပြောပွဲ

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲလေးအတွက် ကျွန်မတို့ ကန္တာရ ဝဿလူမှုရှေ့ဆောင်အသင်းလေးရဲ့ ပွဲစီစဉ်မှု အခြေအနေလေးကို သတင်းပေးရင်း ယူအေအီးရောက်မြန်မာများ အတွက် ထပ်မံအသိပေး နှိုးဆော်ပါရစေ။

စာပေဟောပြောပွဲမှာ အဖိုးတန်တဲ့ စာစကားပေစကားများကို ချီးမြှင့်ပေးမယ့် ဆရာ ချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်တို့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းအနေနဲ့လဲ ပထမဆုံးအကြိမ်စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို တာဝန်ခွဲဝေပြင်ဆင်လျှက်ရှိပါတယ်။

ယနေ့နောက်ဆုံးအချိန်အထိ လက်မှတ်ရောင်းချမှု မှတ်တမ်းများအရ စာပေဟောပြောပွဲကို တက်ရောက်ဖို့ လက်မှတ်ဝယ်ယူထားသူ အရေအတွက် ခုနစ်ရာကျော်ခန့် ရှိနေတာမို့ စည်ကားအောင်မြင်တဲ့ စာပေဟောပြောပွဲလေး တစ်ခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

မြို့(၇) မြို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ လက်မှတ်ဝယ်ယူဖို့ အလှမ်းဝေးတဲ့ အခြားမြို့များမှ စာချစ်သူ မြန်မာ မိတ်ဆွေများအနေနဲ့ စာပေဟောပြောပွဲ ကျင်းပမယ့် Al Noor Training Centre မှာပွဲမစတင်ခင် လက်မှတ်များကို ဝယ်ယူနိုင်ပါတယ်။

ယူအေးအီးနိုင်ငံပြင်ပမှ မြန်မာစာပေချစ်မြတ်နိုးသူများ အနေနဲ့လဲ အဖြူရောင်သံစဉ် အွန်လိုင်းရေဒီယိုအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်မျှော် နားထောင်နိုင်ပါတယ်။ စာပေဟောပြောပွဲစတင်မယ့် အချိန်က ဒူဘိုင်းစံတော်ချိန် ညနေ ငါးနာရီခွဲ ဖြစ်တာမို့ စာချစ်သူများအားလုံး အဖြူရောင်သံစဉ်ကို စောင့်မျှော် နားဆင်နိုင်ကြပါတယ်။ ယူအေအီးနိုင်ငံရဲ့ စံတော်ချိန်ကတော့ (GMT/UTC +4 Hr) ဖြစ်ပါတယ်။

စာပေဟောပြောပွဲလာ မြန်မာများအနေနဲ့ ဆရာချစ်ဦးညိုရေးသားခဲ့တဲ့ စာအုပ်များ ယူအေအီးရောက် ဧကံဖြိုးရေးသားတဲ့ စာအုပ်များ ယူအေအီးဘလော့ဂါ ချမ်းလင်းနေ မေတ္တာဖြင့် စီစဉ်သော ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီး စီဒီများကို ဝယ်ယူခြင်းဖြင့် ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းရဲ့ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကုသိုလ်ပါဝင်နိုင်ကြပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲလေး ဖြစ်မြောက်ရေးအတွက် ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းနဲ့အတူ ခေတ္တယူအေအီးရောက် ဘလော့ဂါများဖြစ်တဲ့ ကိုချမ်းလင်းနေ ကိုပီတာ ကိုဟန် ဇော် မယ်မဒီ အမရာ နဲ့ နှင်းနဲ့မာယာတို့မှ တဘက်တလမ်းမှအားဖြည့် ကူညီလျှက်ရှိပါတယ်။

ယူအေအီး စာပေဟောပြောပွဲလေးမှာ ခေတ္တ အဝေးရောက် မြန်မာများ ချစ်ခင်ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။။။။။။

( မှတ်ချက် ။ ။ ကန္တာရဝဿ ဆိုတဲ့ အမည်ကို အနက်ဖွင့်ရမယ်ဆိုရင်တော့ ကန္တာရဆိုတာ ပူပြင်းခြောက်သွေတဲ့ဒေသ ဖြစ်ပြီး ဝဿဆိုတာကတော့ ဝဿန္တကဆင်းသက်လာတဲ့ ပါဌိစကား မိုးစက် မိုးပေါက်ပဲ ဖြစ်ပါတယ်။ ကန္တာရဝဿကို တိုက်ရိုက်အနက်ပြန်ရင်တော့ ကန္တာရဒေသမှာ ရွာသွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ စေတနာ မေတ္တာမိုးလို့ ပြောလို့ရပါတယ်။ ယူအေအီး ကန္တာရ ဝဿလူမှုရှေ့ဆောင် အသင်းလေးဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူမှုရေး ကွက်လပ်လေးတွေကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနေတဲ့ အသင်းလေးတစ်သင်းလဲ ဖြစ်ပါတယ်။)

0 comments:

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List