အောင်မြင်စွာ လှမ်းနိုင်ခဲ့သော ပထမဆုံး ခြေတစ်လှမ်း
အခြားနိုင်ငံတွေမှာ အောင်အောင်မြင်မြင်စီစဉ်နိုင်ခဲ့တဲ့ စာပေဟောပြောပွဲတွေကို ငေးမောရင်း အားကျစိတ်နဲ့ ပွဲတစ်ပွဲစီစဉ်ကြည့်ဖို့ ကန္တာရ ဝဿမောင်နှမများကိုလဲ မကြာခဏ ဖွင့်ဟတိုင်ပင်ကြည့်ခဲ့ဘူးပါသည်။ ဖြစ်နိုင်ပါ့မလား…. လုပ်နိုင်ပါ့မလား….. အောင်မြင်ပါ့မလား….. ဒီနိုင်ငံမှာ မြန်မာအင်အား နည်းနေသေးသလို စာပေလိုက်စားသူ စာဖတ်သူအရေအတွက်ကလဲ နည်းနေသေးတယ် စသည်ဖြင့် မကြာခဏဆိုသလို ငြင်းခုန်ရင်း သက်မမောတွေ အခါခါ ချခဲ့ရပါသည်။ ငြင်းခုန်ဆွေးနွေးနေရင်းကပဲ ကန္တာရဝဿ အသင်းရဲ့ အမာခံ အသင်းဝင်အင်အား ဆယ်ဦးခန့်လောက်နဲ့ ဒီပွဲကို ဖြစ်အောင်စီစဉ်မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာတော့ ပွဲတစ်ပွဲလုံးရဲ့ ခန့်မှန်းကုန်ကျစားရိတ်ကို တွက်ချက်ပြီး ကိုယ်ထူကိုယ်ထ မတည်ငွေတွေထည့်သလို နီးစပ်ရာ သူငယ်ချင်းတွေဆီကလဲ မတည်ငွေများစတင် ကောက်ခံပြီး ပထမဆုံးခြေလှမ်းလေးအတွက် စတင်ပြင်ဆင်ကြပါသည်။ အသင်းရဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ စိတ်ဓါတ်လေးတစ်ခုကတော့ ဒီပွဲလေးဖြစ်မြောက်ရေးအတွက် အရှုံးအမြတ်မစဉ်းစားပဲ လိုအပ်သမျှ ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီးသုံးဖို့ အပြုံးမပျက် ဆုံးဖြတ်ခဲ့ကြခြင်းပဲဖြစ်ပါသည်။ အခြားနိုင်ငံတွေလို အမာခံ မြန်မာ အဖွဲ့အစည်း ကုပ္မဏီတွေ စပွန်စာတွေမရှိပေမယ့် တတ်နိုင်သလောက် အကောင်အထည်ဖော်မယ် နှမ်းတစ်စေ့တည်းနဲ့လဲ ဆီထွက်အောင် ကြိတ်နိုင်ရမယ်ဆိုတဲ့ ခံယူချက် တစ်ခုတည်းနဲ့ ရှေ့ဆက်ခဲ့ကြပါသည်။ စာပေဟောပြောပွဲအတွက် လက်မှတ်တွေ ရောင်းဖို့ ညှိနှိုင်းထားတာမို့ အထူးတက်ကြွစွာနဲ့ တစ်လကျော်လောက်စောပြီး လက်မှတ်တွေကို စတင်ဖြန့်ဖြူးခဲ့ကြပါသည်။ ပွဲစီစဉ်သူများအားလုံး မထင်မှတ်ထားတဲ့ အခက်အခဲကို လက်မှတ်စတင်ရောင်းတဲ့ အချိန်မှာ စတင်ကြုံတွေ့ခဲ့ရပါသည်။ လက်မှတ်တွေ စဖြန့်တဲ့ ပထမဆုံးအပတ်မှာပဲ ယူအေအီးရဲ့ ခုနစ်ပြည်ထောင်အနှံ့ ခြေဆန့်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် လက်မှတ်အရောင်းထွက်ခဲ့သူတွေဆီက ညည်းငြူသံတွေ စပြီး ကြားခဲ့ရပါသည်။ ကိုယ့်ဆီကိုယ်ထည့်ပြီး ကားတစ်စီးနဲ့ လက်မှတ်လည်ရောင်းခဲ့ပေမယ့် လက်မှတ်တစ်စောင်ရောင်းရဖို့အတွက် အတော်မျက်နှာငယ်ရသလို ထင်ထားသလောက်လဲ မရောင်းရခဲ့ပါ။ ပွဲမစခင် နှစ်ပတ်အလိုအထိ လက်မှတ်ရောင်းအားက အားရစရာ အခြေအနေမှာ မရှိခဲ့သလို မြန်မာမိတ်ဆွေတွေရဲ့ စိတ်ဝင်စားမှုကလည်း ထင်မှတ်ထားတာထက် နည်းပါးနေခဲ့ပါသည်။ မကြာခဏလုပ်ဖြစ်တဲ့ အစည်းအဝေးတွေမှာ အသင်းဝင်အားလုံးက လက်မှတ်ရောင်းအားအတွက် စိတ်ပူနေကြသလို ပွဲတစ်ခုလုံးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လဲ အဖွဲ့ဝင်အားလုံး ရင်တထိတ်ထိတ်နဲ့ ရတက်မအေး ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့အစည်း တရားဝင်အသင်းအဖွဲ့ တစ်ခု မရှိခဲ့တာမို့ စည်းစနစ်ကြီးလှသလို စရိတ်စကကြီးလွန်းလှသော ယူအေအီးရဲ့ အစိုးရ အဖွဲ့အစည်းများ ရှေ့နေရှေ့ရပ်တွေကြားမှာ ခန်းမစီစဉ်ချိန်က စပြီး အခက်အခဲများစွာ တွေ့ခဲ့ရပါသည်။ မျိုးချစ်စိတ် စာပေချစ်စိတ်များကို ရှေ့တန်းတင်ပြီး အိတ်ထဲရှိသမျှစိုက်ထုတ်ပြီး တောင်းသမျှ ပေးနိုင်အောင် ကြိုးစားခဲ့သူ အစိုးရဝန်ထမ်းမြန်မာများ ကိုယ်တိုင်လဲ များစွာလဲ မျက်နှာငယ်ခဲ့ရပါသည်။ များစွာ ပင်ပန်းခဲ့ကြပါသည်။ ပွဲမတိုင်မီ အစမှအဆုံး လစ်ဟာကွက်မရှိရလေအောင် စီစဉ်ခဲ့ပေမယ့် ပထမဆုံးခြေလှမ်းဖြစ်သလို အမာခံဖြစ်တဲ့ အသင်းဝင် အင်အားကလဲနည်းနေသေးတာမို့ အခက်အခဲအသေးအမွှားတွေနဲ့ ကြုံတွေ့ရသလို ခေါင်းမီးတောက်စေခဲ့သော အမှားအယွင်းတစ်ခုနဲ့လဲ ကြုံတွေ့ခဲ့ရပါသည်။ အသင်းရဲ့ အသေးအဖွဲ အလွဲအမှားများကိုတော့ ဆရာများက စာနာနားလည်စွာဖြင့် ခွင့်လွှတ်ပေးခဲ့ကြသလို ကန္တာရဝဿအသင်းကိုလဲ အားအင်ဖြစ်စေမည့် လမ်းညွှန်မှုများပေးပြီး အားပေးကူညီခဲ့ကြပါသည်။ အထူးသဖြင့် အခက်အခဲများစွာကြားမှ ကိုယ်ထူကိုယ်ထ စီစဉ်ခဲ့ကြတဲ့ ဒီပွဲလေးရဲ့ ဖြစ်ရပ်မှန်တွေကို သိနေခဲ့တာမို့ ဆရာနှစ်ယောက်စလုံးမှ စေတနာအပြည့်အဝဖြင့် ဟောပြောချက်အသစ်များကို ဟောပြောပေးခဲ့ပါသည်။ ဆရာချစ်ဦးညိုနှင့် ဆရာ အော်ပီကျယ် တို့၏ ယူအေအီးရောက် မြန်မာများ၏ စာပေဟောပြောပွဲအပေါ် ထားရှိခဲ့သော စေတနာ မေတ္တာများကို ယူအေအီးရောက် မြန်မာများသာမက အဖြူရောင်သံစဉ် အစီအစဉ်ကို တိုက်ရိုက်နားဆင်ခွင့်ရခဲ့သူများအားလုံး သိခဲ့ကြပါသည်။ စာပေဟောပြောပွဲများတွင် နှုတ်စ် မပါပဲ ဟောပြောလေ့ရှိသူ ဆရာအော်ပီကျယ်ကိုယ်တိုင် ပွဲပြုလုပ်မည့် မနက်ခင်းမှာ စီစဉ်ထားသော ကမ္ဘာကျော်ဟိုတယ် ( Burj Arab) သို့ လည်ပတ်သည့်အစီအစဉ်ကို ဖျက်ပြီး ဆရာပြောမည့် ဟောပြောချက်များအတွက် အချိန်ယူပြီး ပြင်ဆင်ခဲ့ပါသည်။ ဆရာ ချစ်ဦးညိုကိုယ်တိုင်လဲ “ကျွန်တော် ဘယ်မှာမှ မပြောဘူးတဲ့ ဟောပြောချက်တွေကို ပြောဖို့ သေသေချာချာ ပြင်ဆင်ထားခဲ့ပါတယ်” လို့ပြောပြီး ရွတ်ပြမည့် ကဗျာများ သီချင်းများကို မှတ်စုစာအုပ်ဖြင့် သေသေချာချာ ပြင်ဆင်လာခဲ့ပါသည်။ ပွဲမစခင် ရက်ပိုင်းအလိုမှာတော့ လက်မှတ်ရောင်းအားက သိသိသာသာ တိုးတက်လာခဲ့ပါသည်။ စာပေဟောပြောပွဲကျင်းပမယ့် နေ့မှာလဲ အနီးကပ်မှ အပြေးအလွားရောက်လာသူများအတွက် လက်မှတ်များ ထပ်မံရောင်းခဲ့ရပါသည်။ အသင်းသူ အသင်းသားအားလုံး ရင်တထိတ်ထိတ်နဲ့ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲကြီးက ထင်မှတ်ထားတာထက် ပိုမို အောင်မြင်ခဲ့တာမို့ ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းအနေနဲ့ အတိုင်းထက်အလွန် ပီတိဖြစ်ခဲ့ရပါသည်။ ယူအေအီးနိုင်ငံမှာ ရှိတဲ့ မြန်မာလူဦးရေနဲ့ တွက်ချက်ပြီး မျှော်လင့်ထားခဲ့တဲ့ အရေအတွက်ထက်ပိုတဲ့ ပရိတ်သတ်ကြီးကို တချိန်တည်း တပြိုင်တည်းမှာ တွေ့လိုက်ရတာမို့ ပထမဆုံး အကြိမ်ကျင်းပတဲ့ ပွဲလေးက ယူအေအီးနိုင်ငံရဲ့ သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။ မြန်မာလူမျိုးများရဲ့ စည်းလုံးညီညွတ်မှုနဲ့ စာပေမြတ်နိုးတဲ့ စိတ်ဓါတ်တွေကို အခြားလူမျိုးများကပါ လေးစား အားကျစွာ ငေးမောခဲ့ကြပါသည်။ စာပေဟောပြောပွဲအတွက် လက်မှတ်ပေါင်း (၇၅၀) ကျော်ရောင်းချနိုင်ခဲ့ပြီး ပွဲတက်ရောက် ပရိတ်သတ် (၇၀၀) ကျော်ခန့် ဟောပြောပွဲသို့ တက်ရောက် ခဲ့ပါသည်။ ပွဲဖြစ်မြောက်ရေအတွက် ယူအေအီးရောက် မြန်မာများမှ စေတနာသက်သက်ဖြင့် မတည်လှူဒါန်းခဲ့သော အလှူငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ကို လက်ခံရရှိခဲ့ပါသည်။ ဒီပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ခဲ့ကြတဲ့ အသင်းဝင်များရဲ့ စေတနာ ဖြူစင်တဲ့အတွက် ကိုယ်ထူကိုယ်ထ မတည်ထားတဲ့ ရင်းနှီးငွေတွေ လောက်ငတဲ့အပြင် ဆရာချစ်ဦးညိုရဲ့ စာအုပ်များရောင်းရငွေ ဆရာဧကံဖြိုးရဲ့ စာအုပ်များ ရောင်းရငွေ နဲ့ ကိုချမ်းလင်းနေ စေတနာသက်သက်ဖြင့် ဖန်တီးခဲ့သော စီဒီများရောင်းရငွေများကို ထပ်မံဖြည့်စွက်ပြီး မူလထားရှိတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးသော စာရေးဆရာများကို ထောက်ပံ့ဖို့အတွက်လဲ စုစုပေါင်း မြန်မာငွေ ငါးသိန်းတိတိကို ဆရာများနဲ့အတူ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါသည်။ ဒူဘိုင်းရောက်မြန်မာများရဲ့ ထက်သန်သော စေတနာမေတ္တာများနဲ့အတူ ကန္တာရဝဿနဲ့ တွဲဖက်ပြီး တဖက်တလမ်းက ပံ့ပိုးပေးခဲ့ကြတဲ့ စေတနာရှင်များ နေရာအနှံ့ကနေ ပေါ်ထွက်လာခဲ့တာမို့ စာနယ်ဇင်းသို့ လှူဒါန်းငွေများအပြင် လက်မှတ်ရောင်းရငွေမှ ပိုလျှံသော ငွေသား တစ်ဆယ့်သုံးသိန်းကိုလဲ ကန္တာရဝဿရဲ့ လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ထပ်မံလှူဒါန်းသွားဖို့ ရည်ရွယ်ထားပါသည်။ စာပေဟောပြောပွဲမှ ရရှိလာသော အသိအမြင် ဗဟုသုတနှင့် အတွေ့အကြုံများအရ တသီးပုဂ္ဂလ အလှူရှင်တစ်ဦးကလဲ မြန်မာပြည်အတွင်း စာပေဟောပြောပွဲ မဖြစ်မြောက်သေးသော ဒေသများတွင် ပွဲများကျင်းပပေးနိုင်ရန်အတွက် ဆရာများလက်ထဲသို့ အမေရိကန်ဒေါ်လာ ငါးရာတိတိ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယူအေအီးစာပေဟောပြောပွဲသို့ ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ ဆရာနှစ်ဦးလုံးမှ ယူအေအီးရောက်မြန်မာများနဲ့ တွေ့ဆုံရခြင်းအပေါ် ကျေနပ်အားရခဲ့သလို စာပေဟောပြောပွဲတက်ရောက်ခဲ့ကြသော မြန်မာများအားလုံးလဲ ပထမဆုံးအကြိမ် စုံစုံညီညီ တွေ့ဆုံခွင့်ရတဲ့ လူမှုရေးပွဲလေးအတွက် အထူးဝမ်းမြောက်ခဲ့ကြပါသည်။ ပထမဆုံးလှမ်းချီခဲ့သော ခြေလှမ်းမှသည် နောင်ဆက်လက် လှမ်းချီမည့် ကန္တာရ ဝဿလူမှုရှေ့ဆောင်အသင်း၏ ခြေလှမ်းသစ်များအတွက် အားပေးဂုဏ်ပြုရင်း.....
ယူအေအီးနိုင်ငံမှာ စာပေဟောပြောပွဲလေးတစ်ပွဲ စီစဉ်ကြည့်ဖို့ ဝါသနာတူ မြန်မာစာပေ မြတ်နိုးသူတွေနဲ့ အိပ်မက်တစ်ခု အတူတူ မက်ခဲ့ဘူးပေမယ့် အဲဒီအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် အချိန်တော်တော်ယူခဲ့ရပါသည်။
Sunday, March 27, 2011
|
Labels:
ဒူဘိုင်းသတင်း
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-










1 comments:
စာပေဟောပြောပွဲနဲ့ အတူ ပြန်ပေါ်လာတယ်ပေါ့လေ ..း))
ကိုချမ်းလင်းနေ တင်ပေးထားတာတွေ ပြန်နားထောင်နေပါတယ် ..
ပထမအကြိမ်မှသည် ရှေ့ဆက် ပိုမိုအောင်မြင်စေဖို့ ဆုမွန်ကောင်းတောင်းပါတယ် မနှင်းး)
Post a Comment