Passport Please
လက်ထဲမှာ ကိုင်ထားတဲ့ ပတ်စ်ပို့စာအုပ်က သက်တမ်းကုန်သွားတာမို့ ထုံးစံအတိုင်း ကူဝိတ်နိုင်ငံကို ပို့ပြီး သက်တမ်းတိုး အခွန်ဆောင် ပြီးတော့ Machine readable passport အသစ်ပြန်လျှောက်ခဲ့ပါသည်။
နိုင်ငံကြီးသားပီသချင်တာမို့ အခွန်ဆောင်ရတဲ့အပေါ်မှာ သိပ်တော့ စိတ်မညစ်မိ။ စင်ကာပူမှာ အလုပ်လုပ်တဲ့လူတွေက အခွန် ၂ ထပ် ဆောင်ရတာမို့ ကိုယ့်ထက်ပိုပြီး ပေးရတာကို သိထားတော့ ကိုယ်ပေးရတဲ့ အခွန်ငွေအတွက် နှမြောစိတ်လဲ မဖြစ်။
ဒါပေမယ့် ပါတ်စပို့စ်စာအုပ် အသစ်ရောက်လာချိန်မှာတော့ စာတစ်စောင်က ပူးတွဲပြီး ပါလာခဲ့ပါသည်။ ပြီးတော့ သူတို့ပြန်ပို့လိုက်တဲ့ စာအုပ်အဟောင်းပေါ်မှာ ဗီဇာကပ်ထားတဲ့ စာမျက်နှာကလွဲလို့ cancel တုံးတွေထုပေးလိုက်ပါသည်။
စာအိတ်ထဲမှာ ပါလာတဲ့ စာကတော့ စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့်ပြုဖို့နဲ့ စာအုပ်အဟောင်းပေါ်မှာရှိနေတဲ့ ဗီဇာကို စာအုပ်အသစ်မှာ ပြောင်းကပ်ပြီးတာနဲ့ ကူဝိတ်ကို ပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိပြုခံဝန်လွာကို လက်မှတ်ထိုးမယ့်နေရာလေးပဲ ချန်ပြီး ရိုက်ထားတဲ့ စာလေးပါ။
သူတို့ညွှန်ကြားတဲ့အတိုင်း လက်မှတ်ထိုးပေးလိုက်ပြီး Scan ဖတ်ပြီး အီးမေးလ်ကနေပြန်ပို့လိုက်ပါသည်။ ပြီးတော့ စာအုပ်ပြန်ပို့ဖို့အတွက် စတင်စဉ်းစားရပါသည်။
ကိုယ့်ထက်အဖြစ်ဆိုးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူအခွန်ဆောင်ပြီး စာအုပ်သက်တမ်းတိုးတော့ တစ်လအတွင်း စာအုပ်အဟောင်းကို ပြန်ပို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါလာတယ်လို့ ပြောလာပါသည်။ တကယ်လို့ တစ်လအတွင်း ပြန်မပို့ရင်တော့ စာအုပ်နှစ်အုပ်လုံးကို Cancel လုပ်မယ်လို့ ပြောလာပြန်ပါသည်။
မြန်မာပြည်မှာ ပြန်ပြီး စာအုပ်လဲလာသူကတော့ စာအုပ်အဟောင်းရော အသစ်ရော နှစ်အုပ်လုံးကိုင်ထားပြီး စာအုပ်အဟောင်းကို ပြန်ပေးစရာမလိုဘူးလို့လဲ ပြောလာပါသည်။
အခြားသူငယ်ချင်းတစ်ယောက်ကတော့ စာအုပ်ကို နှစ်အုပ်ထက်ပိုပြီး ကိုင်ထားပေမယ့် ပြဿနာမရှိခဲ့ပါလို့ အခိုင်အမာ ပြောလာပြန်ပါသည်။
စာအုပ်အသစ်လဲလှယ်ခြင်း စာအုပ်သက်တမ်းတိုးခြင်းနဲ့ ပက်သက်ပြီး ကျွန်မတို့ ဆက်သွယ်နေရတဲ့ အီဂျစ် ဆော်ဒီ ကူဝိတ် သုံးနိုင်ငံနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ဌာနတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေက ဘာလို့များကွဲပြားနေတာလဲလို့ မေးခွန်းတစ်ခုထိုးလာခဲ့ပါသည်။
စာအုပ်အသစ်လဲလှယ်သူများအတွက် ထပ်မံထုတ်ပေးသော ပါစ်ပို့များမှာ နံပါတ်အသစ်များဖြစ်နေတာမို့ ကျွန်မတို့ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်များအတွက် သက်ဆိုင်ရာအလုပ်ဌာနများတွင် စာအုပ်အသစ်ပြောင်းလဲခြင်းအတွက် မဖြစ်မနေ အကြောင်းကြားရပြီး ဗီဇာ ထပ်မံလဲလှယ်ဖို့အတွက် အလုပ်တစ်ခု ပိုလာတတ်ပါသည်။
စာအုပ်အသစ်လဲပြီး ပြန်လာသော မိတ်ဆွေတစ်ယောက် စာအုပ်အဟောင်း ရန်ကုန်တွင် ကျန်ခဲ့တာမို့ ဒူဘိုင်းလေဆိပ်မှ ဝင်ခွင့်မပေးသော အဖြစ်တစ်ခုကိုလဲ သိပ်မကြာခင်က ကြားသိလိုက်ရပါသည်။
ကျွန်မ စာအုပ်အဟောင်းပေါ်က ဗီဇာကို စာအုပ်အသစ်ကို ပြောင်းဖို့ HR ကိုရောက်သွားတော့ Visa Section က ဝန်ထမ်းက ကျွန်မကို မျက်လုံးပြူးပြီး ကြည့်လာပါသည်။ အလုပ်အပိုတွေ ဘာလို့လုပ်ချင်ရတာလဲလို့ သူမမေးလာချိန်မှာတော့ သူ့ကို ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ထူးဆန်းလှသော အခြေအနေများနဲ့ ဥပဒေတွေကို နားလည်အောင် ရှင်းပြရပါတော့သည်။
သက်ဆိုင်ရာ ဝန်ထမ်းက စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့် မပေးတဲ့ နိုင်ငံကို သူ့ဘဝမှာ ပထမဆုံးအကြိမ်တွေ့ဘူးတာပဲလို့ ပြောရင်း လိုအပ်ချက်တွေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြပါသည်။ သုံးရက်အတွင်း စာအုပ်တွေ ပြန်ရမယ်ဆိုပေမယ့် ကိုယ့်စရိတ်နဲ့ကိုယ်လုပ်ရမယ် ဒါဟန်း ၁၂၀ ကနေ ၁၅၀ လောက်ကုန်မယ်လို့ ခန့်မှန်းပေးပါသည်။
နိုင်ငံပေါင်း တစ်ရာ့ သုံးဆယ်ကျော်က ဝန်းထမ်း သုံးသောင်းကျော်အတွက် ပါစ်ပို့နဲ့ ဗီဇာတွေအတွက် စီမံပေးနေသူမို့ ကျွန်မရဲ့ ပတ်စပို့ကို သေသေချာချာ လှည့်ပတ်စစ်ဆေးပြီး အံ့သြနေတာ သိပ်မဆန်းပါ။ ပါ့စ်ပို့စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့် မပြုတဲ့ နိုင်ငံသစ်တစ်ခုအကြောင်း ကို ပထမဆုံးအကြိမ် ကြားသိခွင့်ရတဲ့ အတွက်လဲ သူမ ထူးဆန်းအံ့သြသင့်ပါသည်။
ကျွန်မကိုယ်တိုင်လဲ ပါစ်စပို့နှစ်အုပ်ကိုင်ဆောင်သူ သုံးအုပ် လေးအုပ်အတွဲလိုက် ကိုင်ဆောင်ထားသူတွေကို နေ့စဉ်နဲ့အမျှ တွေ့နေရသူမို့ သူအံ့သြနေတာကို အပြစ်မတင်လိုပါ။
နိုင်ငံတကာမှာ သံရုံးတွေ မဖွင့်ထားနိုင်ပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ်ရဲ့ သက်တမ်းကိုတော့ သုံးနှစ်သာ ပေးထားပါသည်။
ကျွန်မလက်ရှိ ရောက်နေတဲ့ယူအေအီးနိုင်ငံက သံရုံးမရှိသော နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ အခွန်ဆောင် သက်တမ်းတိုးရခြင်းရဲ့ အခက်အခဲများကိုတော့ စာမဖွဲ့လိုတော့ပါ။ သူငယ်ချင်းတစ်ယောက် စာအုပ်သက်တမ်းတိုးရန် အီဂျစ်နိုင်ငံသို့ ပို့လိုက်ချိန်တွင် အီဂျစ်လေဆိပ်မှ တရားဝင်ပို့ဆောင်ခွင့် မရှိသော စာရွက်စာတမ်းအဖြစ် စာအုပ်ကို သိမ်းဆည်းခဲ့သော အဖြစ်တစ်ခုကိုလဲ ကြားခဲ့ဘူးပါသည်။
အလားတူအဖြစ်တစ်ခုကလဲ အခြားသူငယ်ချင်းသုံးယောက် စာအုပ်သက်တမ်းတိုးရန်ပို့လိုက်ချိန်တွင် စာအုပ်သုံးအုပ်လုံးလမ်းတွင် ပျောက်ဆုံးသွားသောအဖြစ်ပဲ ဖြစ်ပါသည်။
မြန်မာသံရုံးမရှိသော ယူအေအီးတွင် မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေ တာဝန်တစ်ရပ်အနေဖြင့် စွန့်စွန့်စားစား စာအုပ်သက်တမ်းတိုးနေရသော အဖြစ်များကို ကြားသိရတိုင်း တခါက့  ကျွန်မတွေ့ခဲ့ဘူးသော အာရပ်နိုင်ငံသားတစ်ယောက်ကို ပြေးမြင်မိပါသည်။
လွန်ခဲ့သော လအနည်းငယ်က ရန်ကုန်သို့ ခွင့်ပြန်ချိန်တွင် လေယာဉ်ပေါ်တွင် ဒေသခံ အာရပ်လူမျိုးတစ်ယောက်နှင့် စကားပြောခွင့်ရခဲ့ပါသည်။ သူက လေယာဉ်ပေါ်သို့ အနည်းငယ်နောက်ကျပြီးမှ ရောက်လာပြီး ကျွန်မဘေးနားတွင် လာထိုင်ကာ သူနောက်ကျရသည့်အကြောင်းရင်းကို ကျွန်မကို အကျယ်တဝင့် ရှင်းပြလာပါသည်။
သူကိုင်ဆောင်လာသော ပါ့စ်ပို့မှာ သက်တမ်းကုန်ဆုံးနေတာကို Check-in ကောင်တာသို့ရောက်မှ သိလိုက်ရတာမို့ ကျွန်မတို့ လေယာဉ်ထွက်ခွာသော Terminal 3 မှ လဝကရုံးရှိရာ Terminal 1 သို့ အပြေးအလွားသွားပြီး စာအုပ်သက်တမ်းတိုးခဲ့ခြင်းအတွက် မိနစ် ၂၀ ခန့် ကြန့်ကြာသွားခဲ့ပါသည်ဟု သူ့ကိုယ်သူ အပြစ်တင်ပြောဆိုလာသူကိုကြည့်ရင်း များစွာအံ့သြမိရပါသည်။
သူတို့အတွက် စာအုပ်သက်တမ်းတိုးခြင်းဆိုတာ ရုပ်ရှင်ရုံတွင် ရုပ်ရှင်လက်မှတ် တန်းစီရသလောက် အပန်းမကြီး အချိန်မကုန်တာကို သိလိုက်ရတော့ ကျွန်မတို့ ကြုံတွေ့နေရသော စာအုပ်သက်တမ်းတိုးခြင်းနောက်ကွယ်မှ အခက်အခဲများအတွက် ပထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းခြင်းဖြစ်ခဲ့ဘူးပါသည်။
ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန် ကနေဒါ ဗြိတိန် နိုင်ငံတွေအပါအဝင် ဥရောပနိုင်ငံများမှ ပါ့စ်ပို့စာအုပ်တွေရဲ့ သက်တမ်းက ၁၀ နှစ်တိတိရှိပါသည်။
ကျွန်မမြင်တွေ့ခဲ့ရသော သံတမန်ပါ့စ်ပို့တွေရဲ့ သက်တမ်းကတော့ သာမန်ပါ့စ်ပို့တွေထက် နည်းပါသည်။
ပါ့စ်ပို့စာအုပ်ရဲ့ သက်တမ်းကို ၇ နှစ်ကနေ ၅ နှစ်အထိ သတ်မှတ်ထားတဲ့ နိုင်ငံတွေလဲရှိပါသည်။
အာရှမှာတော့ ကမ္ဘာအရပ်ရပ်မှာ သံရုံးတွေ ဖွင့်ထားတဲ့ နီပေါနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေကပတ်ပို့စာအုပ်ရဲ့ သက်တမ်းကို ဆယ်နှစ်အထိ ပေးထားပါသည်။
မှတ်သားဖွယ်ရာတွေ့ရှိခဲ့ရတဲ့ တက္ကမန်နစ္စတန် နိုင်ငံရဲ့ ပတ်ပို့စ်ကတော့ Life long လို့ပြောလာခဲ့ပါသည်။ စာအုပ်ပေါ်မှာ သက်တမ်းကုန်ဆုံးမည့်နေ့စွဲမပါရှိသလို အချို့သော စာအုပ်တွေကိုတော့ သက်တမ်း အနှစ်ငါးဆယ်လို့ ပြောလာကြသူတွေရှိပါသည်။
သက်တမ်းလွန်ရက်စွဲကို စစ်ဆေးစရာ မလိုသော နိုင်ငံတစ်ခုဖြစ်တာမို့ ဝန်ထမ်းတွေအတွက် အလွန်အင်မတန် ကျက်သရေမင်္ဂလာရှိသော ပါစ်ပို့တစ်ခုအဖြစ်သတ်မှတ်ထားကြပါသည်။
စာအုပ်စာတမ်းအတုအယောင်တွေ ပေါတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပါ့စ်ပို့စာအုပ်တွေကတော့ အတုအယောင်မှန်း သိသာစေတဲ့ အချက်အလက်ပေါင်းများစွာနဲ့ ပြည့်နှက်နေတတ်ပါသည်။
စာအုပ်ကိုင်ဆောင်သူရဲ့ မွေးနေ့တွေဟာ ဇန်နဝါရီလ တစ်ရက်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွေနဲ့ ပြည့်နှက်နေတာမို့ အသက်လိမ်ပြီး စာအုပ်ထုတ်ပေးထားတာ သိသာနေတတ်ပါသည်။ အသက်မပြည့်ပဲ ပါ့စ်ပို့စ်မှာ လိမ်ညာထားသော ကလေးငယ်အချို့ကို ဒူဘိုင်းလူဝင်မှုကြီးကြပ်ရေးမှ လက်မခံတာမို့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ နေ့ချင်းပြန်ပို့တာကိုတော့ မကြာမကြာ တွေ့ရပါသည်။
စာရွက်စာတမ်းမှားယွင်းမှုကြောင့်ပဲဖြစ်ဖြစ် သက်တမ်းလွန်ပါ့စ်ပို့ကိုင်ဆောင်ထားလို့ပဲဖြစ်ဖြစ် ရာဇဝတ်မှုမကင်းသူပဲဖြစ်ဖြစ် မိမိထွက်လာခဲ့သော နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသူများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းမှ ဒေါ်လာ ငါးထောင်ဒါဏ်ရိုက်ခံရလေ့ရှိပါသည်။
သက်တမ်းလွန်ပါ့စ်ပို့ဖြင့် မိမိနိုင်ငံသို့ ပြန်ဝင်လာသူ နိုင်ငံသားများကို လက်ခံသည့်နိုင်ငံများရှိသလို လုံးဝလက်မခံသည့်နိုင်ငံများလဲ ရှိပါသည်။
အာရှ နိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့က သက်တမ်းလွန်ပါ့စ်ပို့ဖြင့် ပြန်ဝင်လာသူများကို လက်ခံကြသော်လဲ အင်ဒိုနီးရှားနိုင်ငံကတော့ သက်တမ်းလွန်ပါ့စ်ပို့ကိုင်ဆောင်ပြီး ပြန်ဝင်လာကြသော အင်ဒိုနီးရှားနိုင်ငံသားများအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများကို ဒဏ်ငွေရိုက်လေ့ရှိပါသည်။
သက်တမ်းလွန် မြန်မာ ပါ့စ်ပို့ကိုင်ဆောင်ထားသူများကို ပြန်ခွင့်မပေးသော လေကြောင်းလိုင်းများလဲ ဒူဘိုင်းတွင် ရှိနေခဲ့ပါသည်။ နိုင်ငံတကာလေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေဆိပ်ဥပဒေများအရ သက်တမ်းကုန်ဆုံးနေသော စာအုပ်များနှင့် ခရီးသွားလာခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။
မိမိနိုင်ငံမဟုတ်ပဲ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဆိုပါကလဲ မိမိကိုင်ဆောင်ထားသော ပါ့စ်ပို့စာအုပ်၏သက်တမ်း ခြောက်လတိတိကျန်ရှိမှသာ ခရီးသွားလာခွင့်ပြုထားသော လေကြောင်းလိုင်းများလည်းရှိပါသည်။
ဆက်ရန်….
Monday, May 16, 2011
|
Labels:
အက်ဆေး
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

5 comments:
ဆက်ရန် မျှော်နေမယ်၊ ဗဟုသုတအများကြီး ရတယ်ဗျို့။
မြန်မာဆိုရင် နိမ်ချင်ကြတဲ့ နိုင်ငံတွေကြားမှာ
ကိုယ့်နိုင်ငံ အစိုးရရဲ့ ကူညီဖေးမမှုမရှိ ပေယျလကန်ထားမှုကလည်း အကြီးဆုံး ပျက်ကွက်မှားယွင်းမှုပါဘဲ
အားကြီး စိတ်ညစ်ဖို့ ကောင်းတယ် ကျွှန်တော်လဲ PPလဲရအုံးမယ် visa တွေရွှေ့ ဖို့  စိတ်ပိန်နေတာနဲ့  နေရာတကာ လူညစ် အားလုံးကို ခက်အောင် ပိုက်ပိုက်ထွက်အောင်လုပ်နေတာပါပဲ
It is not meant to be blaming to the author or others. Some of the fact are not ture. For example, Egypt canceled the passport pouch via post and Arab extends his/her passport in 20mins in the other country departure terminal. Those kind of information will mislead who read that blog. As author mentioned, passport expire date at least have to have six months so that they can get into other country for visit. Don't depress being Burmese, pls be proud of being Buddhism (real Buddhism). Burmese are much better than others (South Asia,SE Asia except Singapore, S.korea, Japan, Taiwan, and Arab (middle east)). I can tell you, much much more better than chinese, thai. Please try to apply visa to the west or Europe, Burmese are easier than that part of world I mentioned above. I live now in Western Country. Burmese are intelligence, honest, and smart. Be proud of being Burmese. Thanks.
Bro Austin,
အခုရေးထားတဲ့ အဖြစ်တွေက ကျွန်မရဲ့ မျက်စိရှေ့တည့်တည့်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။
အာရပ်လူမျိုးက သူ့စာအုပ်ကို မိနစ်၂၀ အတွင်း သက်တမ်းတိုးတာကလဲ သူ့နိုင်ငံမှာပါ...အခြားတိုင်းပြည်မှာ မဟုတ်ပါဘူး.... မြန်မာစာကို မြန်မာတွေ နားမလည်အောင်ရေးမိတယ်ဆိုရင်တော့ ကျွန်မရဲ့ အားနည်းချက်ပါ... ကျွန်မကိုယ်တိုင်ကလဲ အာရပ်တိုင်းပြည်မှာနေနေတယ်ဆိုတာ ဒီဘလော့မှာ စာလာဖတ်ဖူးသူတိုင်းသိပါတယ်... နောက်တစ်ချက်က ကျွန်မအခု လက်ရှိအလုပ်လုပ်နေတဲ့ နေရာက ဒူဘိုင်းနိုင်ငံတကာလေဆိပ်မှာပါ။ ကျွန်မတာဝန်က check-in counters တွေ boarding gates တွေမှာ passport တွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ passenger service အလုပ်ပါ.... ဒီဘလော့ပေါ်မှာ သတင်းမှား အတွေ့အကြုံမှားတွေ ဘယ်တုန်းကမှ မရေးခဲ့ဘူးပါဘူး.... စာရေးသူတစ်ယောက်အနေနဲ့ စောင့်စည်းရမယ့် စည်းကမ်းတွေကို အပြည့်အဝနားလည်ပါတယ်.... ကျွန်မရေးသားခဲ့တဲ့ စာလုံးတွေကိုလဲ တစ်လုံးချင်း တပိုဒ်ချင်းစီအပေါ်ယုံကြည်မှုအပြည့်ရှိပါတယ်။။။။ ဒီစာတွေပေါ်မှာ တစုံတခုမှားယွင်းခဲ့ရင်လဲ အပြည့်အဝ တာဝန်ယူရဲတဲ့ သတ္တိရှိပါတယ်.... အခုလို အကြံဥာဏ်ပေးတဲ့ အတွက်လဲ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။ တချို့တချို့သော အတွေ့အကြုံတွေကို ကိုယ်တိုင်ကြုံဖူးမှ ယုံကြမယ်ဆိုတာ ကျွန်မ နားလည်တဲ့အတွက် ဖြစ်တောင့်ဖြစ်ခဲ့ အဖြစ်အပျက်တွေကိုပဲ ရေးပါတယ်။။
ခင်မင်စွာဖြင့်
နှင်းနဲ့မာယာ
Post a Comment