စာမျက်နှာ (၃၃)
၁။ စကားနည်းနည်းပဲပြောပြီး များများ နားထောင်တတ်လာတယ်။
၂။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ပိုပြီး သဘောကျလာတယ်။
၃။ မရနိုင်တဲ့ အရာတွေအပေါ် တက်မက်စိတ်တွေ သိသိသာသာလျော့ကျသွားခဲ့တယ်။
၎။ တခါတရံမှာ စကားတစ်ခွန်းမှမပြောပဲ အသံတိတ် နားလည်ပေးတတ်လာတယ်။
၅။ အမှန်တရားကို အမှန်တရားလို့ ပြောခွင့်မရှိတဲ့ အခြေအနေမျိုးမှာ ပါးစပ်ပိတ်ပြီး ဥပေက္ခာ ပြုတတ်လာတယ်။
၅။ လောဘတွေ သိသိသာသာ လျော့ကျလာပေမယ့် ဒေါသတွေကတော့ သိသိသာသာ တိုးလာခဲ့တယ်။
၆။ သူတပါးအရေးကိစ္စတွေကို စိတ်မဝင်စားတော့သလို ကိုယ့်အရေးကိစ္စတွေကိုလဲ စိတ်ဝင်စားမှု လျော့ကျလာတယ်။
၇။ မမြဲခြင်းတရား မရှိခြင်းတရား ဆုတ်ယုတ် ပျက်စီးခြင်းတရားတွေနဲ့ နေသားကျလာခဲ့တယ်။
၈။ ကိုယ်ရေးချင်တဲ့စာတွေ ရေးရတာထက် သူများရေးတဲ့စာတွေကို ဂရုတစိုက်ဖတ်တတ်လာတယ်။
၉။ မလိုအပ်ပဲ အဝတ်အစား အသုံးအဆောင်တွေ မဝယ်မိအောင် မလိုတဲ့ အသုံးစရိတ်တွေ မသုံးမိအောင် စေ့စပ်သေချာလာခဲ့တယ်။
၁၀။ သူများရဲ့ အချိန်တွေကို မခိုးယူခဲ့သလို ကိုယ့်ရဲ့ အချိန်တွေကိုလဲ သူများကိုပေးဖို့ တွန့်တိုလာတယ်။
၁၁။ အချစ်ဆိုတာ ရုပ်ရှင်တွေထဲမှာ ဝတ္တုတွေထဲမှာပဲ လူစိတ်ဝင်စားစေတဲ့ အရာတစ်ခု ဆိုတာကို လက်ခံယုံကြည်လာခဲ့တယ်။ ( အပေါဆုံး ရောင်းကုန်… အချိုဆုံးမုသားထဲမှာ အချစ်က ထိပ်ဆုံးမှာ နေရာယူပါတယ်)
၁၂။ ကိုယ့်ဘဝမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ကိုယ့်လောက်အရေးမကြီးဘူးဆိုတာ လူတွေဆီက လေ့လာသင်ယူတတ်လာတယ်။
၁၃။ ကိုယ့်ပတ်ဝန်းကျင်က လူတွေထက် သဘာဝ လောကကြီးကို ပိုပြီး မြင်တတ်ကြည့်တတ်လာတယ်။ ဆိုးရွားပျက်စီးနေတဲ့ လူတွေကိုမနှမြောပဲ ဆိုးရွားပျက်စီးနေတဲ့ သဘာဝတရားတွေကို နှမြောစိတ်ပိုလာတယ်။
၁၄။ စကားများများပြောလာတဲ့ လူတွေကိုတွေ့ရင် သူတို့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး လူလိမ် ဟုတ် မဟုတ် အကဲခတ် ဆုံးဖြတ်တတ်လာတယ်။
၁၅။ လူတွေကို မြင်ယုံနဲ့ အားနာ သနားပြီး အလွယ်တကူ အကူအညီပေးတတ်တဲ့ အကျင့်ကို သိသိသာသာ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ နိုး လို့ ချက်ချင်းလက်ငင်း ပြောပစ်ဖို့ ဝန်မလေးတတ်တော့ပါ။( အလုပ်ထဲမှာ အကူအညီ တောင်းသူတိုင်းကို နိုးလို့ ချက်ချင်း မငြင်းနိုင်ရင် အလုပ်ပြုတ်ဖို့ လမ်းက များသထက်များပါသည်။)
၁၆။ ချိုချိုသာသာပြုံးဖို့ ယဉ်ယဉ်ကျေးကျေးစကားဆိုဖို့ ဟက်ဟက်ပက်ပက် ရယ်မောဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ သိသိသာသာ ဝန်လေးတတ်လာခဲ့တယ်။
၁၇။ ဆုံးရှုံးခြင်းတွေက လူတွေကို ပိုပြီး တည်ငြိမ်ရင့်ကျက်စေတယ်ဆိုတာကို နားလည်သဘောပေါက်လာခဲ့တယ်။ ( ဆုံးရှုံးရတာများလေ တည်ငြိမ်ရင့်ကျက်လာလေ)
၁၈။ အချိန်တစ်ခုက အတွေးအခေါ်တစ်ခု ဘဝတစ်ခု ယုံကြည်မှုတစ်ခုကို အလွယ်တကူနဲ့ ပြောင်းလဲ စေနိုင်တာကို နားလည်လာခဲ့တယ်။
၁၉။ နာကျင်ခြင်းတွေကို အသိစိတ်က မေ့လျော့ထားနိုင်ခဲ့ပေမယ့် မသိစိတ်က မကြာခဏ သတိပေးနေသလို တခါတလေမှာ အိပ်မက်ထဲအထိ ဆွဲခေါ်လာတတ်တာကို လက်ခံလာတတ်ခဲ့တယ်။
၂၀။ စိတ်ဖိစီးမှုတွေ ကြောက်စိတ်တွေက လူကို နှစ်ကြိမ်နှစ်ခါ သေစေနိုင်တဲ့ အရာတွေဆိုတာ လက်ခံလာတတ်ခဲ့တယ်။
၂၁။ တစ်ကြိမ်တစ်ခါ ပျော်ရွှင်မှုအတွက် အကြိမ်ကြိမ်အခါခါ နောင်တ မရမိအောင် နေတတ်လာခဲ့တယ်။
၂၂။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့ အဝေးဆုံးမှာ နေသားတကျဖြစ်နေခဲ့သလို ခွဲခွာခြင်းတွေအတွက် အသင့် ဖြစ်နေတတ်ခဲ့ပြီ။ ( အရောင်မျိုးစုံသော ချစ်ခြင်းတွေအတွက် ငိုပြီးတော့လဲ နားလည်တတ်လာသလို ရယ်မောပြီးလည်း နားလည်တတ်ခဲ့ပြီးပြီ…)
၂၃။ ပေးလိုက်ရတိုင်းလဲ အချစ်မဟုတ်သလို ယူခွင့်ရတိုင်းလဲ အချစ်မမည်ပါ…. အချစ်သည် အချစ် သက်သက်သာ ဖြစ်ပါသည်။ အပေးအယူ အတိမ်အနက် အနိမ့် အမြင့် အတက်အကျ သည် အချစ်ကို တိုင်းတာသော ယူနစ်များမဟုတ်ပါ။
၂၄။ ပြီးပြည့်စုံတဲ့ မိသားစုဘဝ... ပျော်စရာကောင်းတဲ့ အိမ်ပြန်ချိန် ဆိုတာ လူတိုင်းအတွက် အမြဲတမ်းမရှိနိုင်တာကို နာနာကျင်ကျင် ခံစား နားလည် တတ်လာခဲ့တယ်။
မှတ်ချက်။ ။ ဒီစာမျက်နှာ ၃၃ ကလို့ တမ်းတ တိုင်တည်ရာ မြတ်နိုးချစ်ခင်ရာ တန်ဘိုးထား လေးစားရာ ဖခင်တစ်ယောက် ကျွန်မ အနားမှာ မရှိတော့ပါ။
Tuesday, August 02, 2011
|
Labels:
အပိုင်းအစများ
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

7 comments:
စာမျက်နှာနံပါတ်ချင်း မတူပေမယ့် အချက်အလက်တွေမှာ နံပါတ်စဉ်အတော်များများက ကိုယ်နဲ့တိုက်ဆိုင်နေလို့ နှစ်သက်မိတယ်...
အဲဒီလိုခံစားရတာ ကိုယ်တယောက်တည်းမဟုတ်တာ သိရလို့ တကယ် အားတက်မိတယ်...
စာမျက်နှာ ၃၃ ကစလို့ ကောင်းခြင်းတွေ စိတ်ချမ်းသာခြင်းတွေ ကျန်းမာ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေ ညီမ...
မနှင်း..
စကားစုလေးတွေ အရမ်းတန်ဖိုးရှိတယ်။ မှတ်သားစရာတွေချည်းဘဲ။
ဒါနဲ့ မနှင်းရဲ့ ဖခင်တစ်ယောက် ထာဝရထွက်ခွါသွားလိုက်ပြီလား။ စိတ်မကောင်းလိုက်တာ။
အားလုံးအဆင်ပြေပါစေ မနှင်း
စာမျက်နှာတွေတိုးလာတိုင်း အချက်အလက် အသစ်တွေလည်း တိုးတိုးလာတယ်။ အချက်တော်တော်များများမှာ ထပ်တူကျတယ်ညီမရေ.. စာမျက်နှာ အသစ်များကို အဆင်ပြေ အောင်မြင် ပျော်ရွှင်စွာ ဆက်လက်ဖြတ်သန်းနိုင်ပါစေ..
ဟုတ်တယ်မနှင်းရယ်..
စာမျက်နှာတွေတိုးလာတိုင်း ဖြစ်တည်လာခဲ့ရတဲ့ အရာတွေက ရင်နဲ့မဆံ့အောင်ပါပဲ။
ချစ်တဲ့
သဒ္ဓါ
နှင်းရေ
စာမျက်နှာ ၃၃မှသည် လှပသန့်ရှင်းသော စာမျက်နှာပေါင်းများစွာကို ပျော်ရွှင်စွာ ရေးထိုးနိုင်ပါစေနော်
ခရီးထွက်နေတာကြောင့် နောက်ကျဆုတောင်းလေးအတွက် ခွင့်လွှတ်ပါလို့
အမရေ
စာမျက်နှာ၃၃ကနေစလို့
ဘဝအတွက်လိုအပ်တဲ့
ခွန်အားသတ္တိတွေပြည့်စုံပါစေလို့..
ချစ်တဲ့ Blackroze
စာမျက်နှာတိုင်း လှပ ပျော်ရွှင်နေပါစေဗျာာာ ။
Post a Comment