ယူအေအီး ဂီတ မိတ်ဆက်ပွဲ


ဂီတဆိုတာ မျက်ရည်ကို နောက်ပြန်စီးဆင်းစေတဲ့ အနုပညာ

ဂီတဟာစိတ်ဓါတ်မြှင့်တင်ရေး ကိရိယာ

ဂီတဟာ စိတ်အနာတရတွေ အတွက်ကုထုံး

ဂီတဟာ ပြန်လည်ထူထောင်ရေး အားမာန်.... လို့ Fukushima Melody မှာ ဖတ်ခဲ့ဘူးပါတယ်။



အမိမြေနဲ့ အဝေးမှာ လွမ်းဆွတ် တမ်းတမှုတွေကို ဂီတ သံစဉ်တွေကြားမှာ မြုပ်နှံပြီး အပန်းဖြေဖို့ သူငယ်ချင်းတို့ကို ဖိတ်ခေါ်ပါရစေ….


မြန်မာဂီတကို အလွမ်းပြေ ခံစားဖို့ပဲဖြစ်ဖြစ်

မြန်မာ အနုပညာရှင်တွေကို အားပေးဖို့ပဲဖြစ်ဖြစ်

မြန်မာပြည်ရဲ့ အငွေ့အသက်ကို ပြန်လည်ရှုရှိုက်ဖို့ပဲဖြစ်ဖြစ်

မြန်မာသူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံဆည်းဖို့ပဲဖြစ်ဖြစ်

မြန်မာစကားကို ဖောင်ဖွဲ့ပြီးတော့ပြောဖို့ပဲဖြစ်ဖြစ်

ဂီတနဲ့ အင်အားယူဖို့ပဲဖြစ်ဖြစ်

ဂီတနဲ့ မျက်ရည်ခြောက်စေဖို့ပဲ ဖြစ်ဖြစ်

ဂီတနဲ့ စိတ်ပျော်ရွှင်စေဖို့ပဲ ဖြစ်ဖြစ်

ဂီတနဲ့ အလွမ်းဖြေဖို့ပဲ ဖြစ်ဖြစ်

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပထမဆုံးကျင်းပမယ့် စတိတ်ရှိုးမှာ ပြန်ဆုံကြရအောင်.....

အောက်တိုဘာ ၂၈ ရက် (သောကြာနေ့) ညနေမှာ ရှိတ်ရာရှစ် ခန်းမဆောင်ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

(ယူအေအီးနိုင်ငံရဲ့ ပထမဆုံးအကြိမ် စင်တင်တေးဂီတ ဖျော်ဖြေပွဲကို ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စီစဉ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်)

မအိန္ဒြာ ခံစားရေးဖွဲ့ထားတဲ့ Fukushima Melody ကဗျာလေး က ဒီမှာပါ။။။

3 comments:

မြသွေးနီ said...

နှင်းရေ...
ဂီတဟာ စိတ်ကို လျှော်ဖွတ်နိုင်တဲ့ ဆပ်ပြာကောင်းတစ်ခုပဲတဲ့ ..ဖတ်ဘူးတယ်။ သီချင်းလေးနားထောင် အလုပ်လုပ်နေရရင် ပင်ပမ်းတယ်တောင် မထင်မိဘူး...။ အဝေးရောက် ဗမာတွေအတွက် အလွန်ကောင်းတဲ့ အစီအစဉ်လေးဖြစ်မှာပါ။ မြန်မာသီချင်းတွေ နားထောင်ပြီး မြန်မာပြည်အလွမ်းတွေ ပြေကြမှာပါ။

ကိုကိုမောင်(ပန်းရနံ့) said...

လာတော့ လာချင်သား။ ဒါပေမဲ့ မလွယ်။း)

ခင်မင်လျှက်

Angelhlaing(May everybody be happy and healthy! said...

ယူအေအီးမှာ ရှိတဲ့ မြန်မာတွေ အတွက်တော့ ပျော်စရာပဲ...ညီမလေးတို့ဆီမှာတော့...မြန်မာပွဲဆို ဘာမှမသိမမြင်မဆုံရတော့... လွမ်းတယ်လို့သာ...မမရေ..

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List