ထွေရာလေးပါး
မြန်မာစာ မြန်မာစကားတွေနဲ့ မြန်မာစကားပုံတွေထဲမှာ ကိန်းဂဏန်းတွေပါတဲ့ စကားလုံးတွဲတွေ စကားပုံတွေကို တော်တော်များများတွေ့ရပါသည်။
အဲဒီစကားပုံတွေထဲမှာမှ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အဖြစ်တွေနဲ့ တိုက်ဆိုင်နေတဲ့ စကားပုံတွေကို အကြောင်းတိုက်ဆိုင်လို့ သတိတရ ရေးဖြစ်ပါတယ်။
ထွေရာလေးပါး လို့ အစချီမိတာက စကားအဆက်မပြတ်ပြောနိုင်လွန်းတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်လို့ ပြောလို့ရပါသည်။
တွေ့တဲ့နေရာမှာ တွေ့တဲ့သူနဲ့ စကားလက်ဆုံ ပြောမကုန်အောင် သူမဆီမှာ ထွေရာလေးပါးမက ရှိနေတတ်ပါသည်။
သူမကတော့ “ထွေရာလေးပါး”ကို ကရားရေလွှတ် တတွတ်တွတ် ပြောတတ်သူမို့ စကားပြောဝိဇ္ဖာလို့ ပြောလို့ရပါသည်။
နောက်ထပ်စကားပုံတစ်ခုဖြစ်တဲ့ “လူမျိုးတစ်ရာ့တစ်ပါး” ဆိုတဲ့ စကားကို ကျွန်မတို့လို ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်နေသူတွေအတွက် ရည်ရွယ်ပြီးထားခဲ့သလားလို့တောင် ထင်မှတ်မိပါသည်။
နေ့စဉ်အလုပ်ခွင်မှာ တစ်ရာ့တစ်ပါးသော လူတွေနဲ့ နေ့စဉ်ထိတွေ့နေရပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံကူးလက်မှတ်တွေကိုင်ရတိုင်း “လူမျိုးတစ်ရာ့တစ်ပါး”ဆိုတဲ့ စကားအပြင် “လူပေါင်း သောင်းခြောက်ထောင်”နဲ့ တွေ့နေရတယ်လို့ ပြောလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရမိပါသည်။
လူမျိုးတစ်ရာ့တစ်ပါးဆိုတဲ့ စကားပုံကိုတော့
“ကုလားခြောက်ဆယ် ရှမ်းသုံးဆယ် မြန်မာသတ္တ မွန်လေးဝ” လို့ ကျွန်မ ဖေဖေက ရှင်းလင်းပြောပြခဲ့ ဘူးပါသည်။
တခါတရံ ရပ်ထဲရွာထဲမှာ လူပြောများတဲ့ “ဆယ်ရေးတစ်ရေးကိုးရေးတစ်ရာ”ဆိုတဲ့ စကားစုရဲ့ ရာဇဝင်ကလဲ တကယ့်အဖြစ်အပျက်လား ကြုံရာကျပန်း ဇာတ်လမ်းလားတော့ မသိပါ နည်းနည်းတော့ ယုတ္တိရှိနေတာမို့ အခုချိန်အထိ မှတ်မိနေခဲ့ပါသည်။
တစုံတခုကို ရေရေရာရာ သေသေချာချာ မမှန်းဆနိုင်သူတွေပြောလေ့ရှိတဲ့ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုတဲ့ စကားစု ဖြစ်လာတဲ့ ဇာတ်လမ်းကတော့....
တစ်ရက်မှာ ဘဲဥရောင်းတဲ့ အမျိုးသမီးတစ်ယောက် ဘဲဥဗန်းကိုရွက်ပြီး ဈေးကို လာချိန်မှာ သူ့နောက်ကနေ ဖြတ်ကျော်သွားတဲ့ စက်ဘီးက ဝင်တိုက်မိတော့ သူရွက်ထားတဲ့ ဘဲဥဗန်းမှောက်ပြီး ဘဲဥတွေ အကုန်လုံးကွဲကုန်တာမို့ စက်ဘီးသမားက လျှော်ကြေးပေးဖို့ ဖြစ်လာပါသည်။
စက်ဘီးသမားက လျှော်ကြေးပေးဖို့အတွက် ဘဲဥ ဘယ်နှစ်လုံးကွဲကုန်တာလဲလို့ ဈေးသည်ကို မေးချိန်မှာ “ဆယ်ရေးတစ်ရေးကိုးရေးတစ်ရာပါပဲတော်လို့ “ဈေးသည်က မရေမရာ ပြန်ဖြေခဲ့ရာကနေ သူတို့အမှုက ပညာကျော်တစ်ယောက်ဆီရာက်သွားခဲ့ပါသည်။
ပညာကျော်က စက်ဘီးသမားကို စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းယူခိုင်းပြီး စာရွက်ပေါ်မှာ “တစ်ဆယ်ရေး ပြီးရင် တစ်ရေး ပြီးရင် ကိုးရေး ပြီးရင် တစ်ရာရေး ပြီးရင် အားလုံးကို ပေါင်းလိုက် “လို့ ပြောတာမို့ ပေါင်းကြည့်လိုက်တော့ ၁၂၀ ထွက်လာတာမို့ ဘဲဥ အလုံး ၁၂၀ ဘိုးလျှော်ပေးလိုက်ရပါသည်။
“တစ်ပဲတန်နှင့် တစ်လှည်းတန်ပျက်” ဆိုတဲ့ စကားပုံကလဲ ဘယ်အရာကိုမှ ပေါ့ပေါ့ပျက်ပျက် သဘောမထားဖို့ သတိပေးတဲ့ စကားပုံပဲ ဖြစ်ပါသည်။
(တစ်ပဲမျှသာ တန်ဖိုးရှိသည့် လှည်းဝင်ရိုးထိပ် အပိတ်နားစောင့်သံချောင်းငယ်ကို မလျှိုပိတ်မိသောကြောင့် လှည်းဘီးကျွတ်ထွက်၍ လှည်းပေါ်ရှိ အဖိုးတန်သော လှည်း တစ်စီးတိုက်ပစ္စည်းများ ပျက်စီးဆုံးရှုံးရသည်ဟု ဆိုလိုခြင်းပဲ ဖြစ်ပါသည်။ အဖိုးမတန်သော ပစ္စည်း တစ်စုံတစ်ရာကို နှမြော၍ဖြစ်စေ၊ သတိလျော့၍ဖြစ်စေ၊ အထင်သေး၍ဖြစ်စေ၊ လစ်ဟင်း လျော့ပါးမှုဖြစ်စေပါက ကြီးမားသော နစ်နာဆုံးရှုံးမှုဖြစ်စေနိုင်ပါကြောင်း သတိပေးသည့် အနေဖြင့် သုံးနှုန်းထားပါသည်။)
“တစ်မိုးလုံး ဖျောက်ဆိတ်တွေချည်းပဲ” ဆိုတဲ့စကားကတော့ မိုးကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်တွေထဲက ဖျောက်ဆိတ်ကြယ် တစ်လုံးတည်းကိုပဲ သိတာမို့ မြင်မြင်သမျှ ကြယ်တိုင်းကို ဖျောက်ဆိတ်ကြယ်လို့ ပြောရာကနေ ဖြစ်လာတဲ့ စကားပုံလေးပဲ ဖြစ်ပါသည်။
“အိမ်ခြေတစ်ရာ ပြည်စိုးအစိတ်” ဆိုတဲ့စကားပုံကိုတော့ “ဗိုလ်နှစ်ဆယ် တပ်သားငါးယောက်”လို့လဲ ပြောတတ်ကြပါသည်။
ရွာတစ်ရွာလုံးတွင် အိမ်ခြေတစ်ရာမျှသာရှိသော်လည်း ခန့်ထားသော ပြည်စိုးအရေအတွက်က နှစ်ဆယ့်ငါးဦးရှိနေတာမို့ ခေါင်းဆာင်နှင့် နောက်လိုက် အရေအတွက် အချိုးအစား မမှန်ကန်တာကို ပြောခြင်းဖြစ်ပါသည်။
အခြားအခြားသော ကိန်းဂဏန်းတွေပါဝင်တဲ့ စကားပုံတွေကိုလဲ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်ဘဝတွေမှာ အလျဉ်းသင့်ရင် သင့်သလို သုံးနေကြတာကို မြင်တွေ့နေရပါသည်။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ၊
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း
တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏
ခွေးရူးကောင်းစား တစ်မွန်းတည့်
ထောင်တန်တဲ့စကားရယ်ရင်ပေါ့
ဆိတ်ဆိတ်နေ ထောင်တန်
တစ်သက်လုံးစားသည့်အခါ သံပုရာ တစ်ခြမ်းနှင့် ချေသည်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
တစ်တက်စားလဲကြက်သွန် နှစ်တက်စားလဲ ကြက်သွန်
တစ်ရွာတစ်ကျီဆောက်
တစ်နွယ်ငင် တစ်စင်ပါ
တစ်တော တစ်ကြက်ဖတွန်သည်
နှုတ်တစ်ရာ စာတစ်လုံး
လက်ခုတ် တစ်ဖက်တည်းတီးမမည်
သုံးလွန်းတင်မှ ကြိုး ဒေါင်ဒေါင်မည်မှ အိုး
သမုဒ္ဒရာ ဝမ်းတစ်ထွာ
သမီးတစ်ကောင် နွားတစ်ထောင်
ခြေတစ်လှမ်း ကုဋေတစ်သန်း စသည်ဖြင့် မှတ်လို့မဆုံး ပြောလို့မဆုံးအောင် မြန်မာစာမှာ စကားလုံး စကားပုံတွေ ကြွယ်ဝလှပါသည်။
Wednesday, October 19, 2011
|
Labels:
မြန်မာစကားပုံများ
|
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

5 comments:
ဂွတ်ဗျာ . . .
စကားပုံလေးတွေ စုစည်းပေးထားသလိုပါပဲ။
လူမျိုးမှာ တစ်ရာသုံးဆယ့်ငါး အထင်အရှားရှိသဗျား။ ဆိုတာလည်း ရှိသေးတယ်။ မြန်မာနိုင်ငံတွင်းမှာပေါ့လေ။
ကောင်းလိုက်တဲ့ စကားပုံလေးတွေပါ။ ကျေးဇူးပါနော်။
မှတ်စုလေးတွေအဖြစ် ကူးယူသိမ်းထားချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နှင်းရဲ့ စကားပုံလေးတွေ လာဖတ်တာ။
မေ့နေတာတွေ ပြန်သတိရသွားတယ်
ငယ်တုန်းက စကားပုံတွေ ပြိုင်ပြောကြတာ သတိရသွားမိတယ်။ အဲဒီတုန်းက နှင်းရဲ့ ဘလောဂ့်လေးရှိနေရင် ဒီမှာ လာခိုးကြည့်ပါတယ်။. ဟိဟိ
နှင်းရေ..
မြန်မာစာဆရာမကျနေတာပဲ..။ စကားပုံတွေကို စုံနေတာပဲ။ " တစ်တောတစ်ကြက်ဖတွန်သည် " ဆိုတဲ့ စကားပုံကိုတော့ အခုမှပဲ ကြားဘူးတယ်။
" တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း" ဆိုတာနဲ့ အတူတူဖြစ်မယ် ထင်တယ်နော်..။
မောင်ဘကြိုင်ရဲ့ တတိယအိမ်မှာ လင့်ခ်ချိတ်ခွင့်ပြုပါ
Post a Comment