၂၀၁၂ အကြို ရန်ကုန်လေဆိပ်
၂၀၁၀ နိုဝင်ဘာလကနေ ၂၀၁၁ နိုဝင်ဘာလအထိ တစ်နှစ်အတွင်းမှာ ရန်ကုန်ကို သုံးခေါက်ရောက်ခဲ့ပါတယ်။
ကျွန်မတို့လို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေအကြားမှာ အစဉ်သဖြင့် ထင်ရှားကျော်ကြားနေတဲ့ ရန်ကုန်လေဆိပ်ကို အဝင်အထွက်လုပ်တိုင်း မတူညီတဲ့ ခြားနားမှုတွေကို သတိထားမိပါတယ်။
ရောက်ဖူးသမျှ အခေါက်တွေထဲမှာ ဒီတစ်ခေါက်ကတော့ တော်တော်လေး ထူးခြားတယ်လို့ ပြောလို့ရပါတယ်။
လဝက အရာရှိဆီရောက်တော့ ခါတိုင်းမေးနေကျ မေးခွန်းတွေ တစ်ခွန်းမှ မမေးပါဘူး။ ပါတ်စ်ပို့ထဲမှာ ပိုက်ဆံရှာမတွေ့ပေမယ့်လဲ အေးအေးဆေးဆေးပါပဲ။ အခွန်ဆောင်ထားပြီးပြီလား … ဘယ်နှစ်ရက်နေမှာလဲ… အလည်လာတာလား…. ဘာလား ညာလားလဲ မမေးပါဘူး။
လဝကမှာ အဝင်တုံးထုပြီးတော့ ပါလာတဲ့ ပစ္စည်းတွေ ယူပြီး အကောက်ခွန်ကောင်တာကို ဖြတ်ရပါတယ်။ သူတို့လဲ ခါတိုင်းလို အသည်းအသန် ဟိုရှာသည်ရှာ ဟိုကြည့်သည်ကြည့် ဟိုစစ်သည်စစ်မလုပ်ကြပါဘူး။
ပစ္စည်းတော်တော်များများကို သယ်ယူခွင့်ပေးပါတယ်။ အခုတစ်ကြိမ်မှာတော့ အကောက်ခွန် စည်းမျဉ်းတချို့ကို ပြောင်းထားတာကို ထူးထူးခြားခြား တွေ့လိုက်ရပါတယ်။
အသစ်ပြောင်းလဲထားတဲ့ ဥပဒေအရ ရုပ်မြင်သံကြားစက်ဆိုရင် ၃၆ လက်မအထိ အခွန်ပေးဆောင်စရာမလိုပါဘူး။ စာရွက်စာတန်း ပြစရာမလိုပါဘူး။ တရားဝင် လွတ်လပ်စွာ သယ်ယူခွင့်ရှိပါတယ်။ လက်မ ၄၀ ရုပ်မြင်သံကြားစက်ကို သယ်ယူမှသာ သတ်မှတ် ထားတဲ့အတိုင်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒူဘိုင်းကို ပြန်ထွက်တဲ့နေ့မှာတော့ Airport Tax ပေးဖို့အတွက် ခါတိုင်းပေးနေကျကောင်တာနေရာကို ရောက်သွားပါတယ်။ ဒါပေမယ့် အဲဒီကောင်တာက အခွန်ကောက်ခံတဲ့ ကောင်တာမဟုတ်ပဲ နိုင်ငံခြားငွေလဲလှယ်ပေးတဲ့ ကောင်တာဖြစ်နေပါပြီ။
အနားမှာတွေ့တဲ့ လေဆိပ်ဝန်ထမ်းတွေကိုမေးကြည့်တော့ Airport tax ကို သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ Check-in ကောင်တာတွေမှာ ကောက်ခံတယ်လို့ ဆိုပါတယ်။
Check-in ကောင်တာမှာ boarding pass ထုတ်ပြီးတဲ့အထိလဲ tax တောင်းခံတာ မတွေ့ရပါဘူး။ နိုင်ငံကြီးသား ပီသလွန်းစွာ Airport tax ချင်တာမို့ ကောင်တာက ဝန်ထမ်းကို မေးကြည့်တော့ ပေးစရာ မလိုပါဘူးလို့ ပြောလာပါတယ်။
၂၀၁၀ နိုဝင်ဘာကနေ ၂၀၁၁ နိုဝင်ဘာအထိ တစ်နှစ်အတွင်း ရန်ကုန်လေဆိပ်ကို သုံးကြိမ်တိတိ အဝင်အထွက် လုပ်ခဲ့ဘူးပါတယ်။
ပထမ အကြိမ်၂၀၁၀ နိုဝင်ဘာလတုန်းက Airport tax ကို နိုင်ငံခြားငွေ ပေးခဲ့ရပါတယ်။ ဒုတိယအကြိမ် ၂၀၁၁ ဖေဖော်ဝါရီလတုန်းကတော့ မြန်မာငွေနဲ့ ပေးခဲ့ရပါတယ်။ အခုနောက်ဆုံးအကြိမ်မှာတော့ လုံးဝ မပေးခဲ့ရပါဘူး။ ကျွန်မတို့ ဝယ်ထားတဲ့ လေယာဉ်လက်မှတ်တွေထဲမှာ airport tax ကိုပါ တစ်ပါတည်း ကောက်ခံထားပါတယ်။
ရန်ကုန်လေဆိပ်ရဲ့ ဝန်ဆောင်မှုတွေ တော်တော်တိုးတက်လာပြီလို့ ပြောလို့ရပါတယ်။ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေဖြစ်လို့ ဘဝတူ ခရီးသွားများကိုယ်စား မုဒိတာပွားမိပါတယ်။
မြန်မာနိုင်ငံနဲ့ ပက်သက်လာရင် နှမ်းတစ်စေ့လောက် ပြောင်းလဲလာရင်လဲ ဝမ်းသာရပါတယ်။ အပြုသဘောဆောင်တဲ့ တိုးတက်မှု ပြောင်းလဲမှုတွေတိုင်းကိုလဲ ဝမ်းပမ်းတသာ ကြိုဆိုရပါတယ်။
ဒါပေမယ့် ကျွန်မရောက်ပြီး ရက်ပိုင်းလောက်အတွင်းမှာ ထပ်တွေ့လိုက်ရတဲ့ ရန်ကုန်လေဆိပ်ရဲ့ ဝန်ဆောင်မှုတစ်ခုကိုတော့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။
အပြုသဘောဆောင်တဲ့ အပြောင်းအလဲလေလား ….ကျွန်မတို့ လိုက်မမီနိုင်တဲ့ အပြောင်းအလဲလေလား ဆိုတာတော့ အခုချိန်ထိလဲ အဖြေရှာလို့ မရသေးပါဘူး။
၂၀၁၁ နိုဝင်ဘာလထဲမှာ ရန်ကုန်မှာ ဟဂ်ျခရီးသွားတွေ တွေ့ကြုံခဲ့ရတဲ့ လေယာဉ်ခရီးစဉ်အခက်အခဲ အတွက် ရန်ကုန်လေဆိပ်မှာ ခရီးသည်ပေါင်း ထောင်နဲ့ချီပြီး အခက်တွေ့ခဲ့ရပါတယ်။
ဟဂ်ျခရီးသည်တွေအတွက် စင်းလုံးငှား လေယာဉ်ကို ငှားရမ်းထားတဲ့ လေကြောင်းလိုင်းက သတ်မှတ်တဲ့ ရက်မှာ လေယာဉ်ရောက်မလာတာကြောင့် ခရီးသည်တွေ လေယာဉ်ကွင်းမှာ ၂ ည ၃ ည အိပ်ရတဲ့အထိ ဒုက္ခရောက်ရပါတယ်။ ( ပိုက်ဆံကြိုပေးထားတဲ့ စင်းလုံးငှား လေယာဉ်ရောက်မလာဘူးဆိုတာ သံသယတော့ ဖြစ်မိပါတယ် ဒါပေမယ့် ဒီခရီးစဉ်ကို စီစဉ်သူတွေသာ သိနိုင်တဲ့ ကိစ္စမို့ အမှန်အမှားကို ပြောလို့မရနိုင်ပါဘူး။)
နောက်ဆုံးမှာတော့ ဟဂ်ျခရီးစဉ်အတွက် လေဆိပ်မှာ ၂ည ၃ ညလောက်အိပ်ပြီး စောင့်ဆိုင်းနေကြတဲ့ ခရီးသည်တွေကို လေယာဉ်မလာတော့လို့ ခရီးစဉ်ဖျက်သိမ်းပါတယ်ဆိုပြီး အိမ်ပြန်ခိုင်းပါတယ်။
တကယ်တော့ အဲဒီခရီးသည်တွေဟာ လေယာဉ်ရောက်မလာတဲ့ အတွက် လေဆိပ်ထဲကို ဝင်ခွင့်မရပါဘူး လေဆိပ်ရဲ့ အပြင်လူသွားလမ်းတွေမှာ လေဆိပ်လမ်းမကြီးမှာရပ်ထားတဲ့ မိမိတို့ရဲ့ ကားတွေပေါ်မှာ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။
ခရီးသည်တွေဟာ Check-in ကောင်တာတွေဆီကို မရောက်ခဲ့ကြပါဘူး။ ပြည်ပထွက်ခွာခွင့် တံဆိပ်တုံးထုပေးတဲ့ လဝက ကောင်တာတွေဆီကို မရောက်ခဲ့ပါဘူး။
ဒါပေမယ့် သူတို့အိမ်ပြန်ရောက်သွားချိန်မှာတော့ သူတို့နိုင်ငံကူးလက်မှတ်တွေပေါ်မှာ လဝကရဲ့ ပြည်ပ ထွက်ခွာခွင့် တံဆိပ်တွေရိုက်နှိပ်ထားတာကို တွေ့ခဲ့ရပါတယ်။
( အဲဒီခရီးသည်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုပေးတဲ့ Company တွေက ခရီးစဉ်အတွက် ဘွတ်ကင်လုပ်တဲ့ အချိန်ကတည်းက ထိန်းသိမ်းပေးထားပြီး နောက်ဆုံးအချိန် ခရီးစဉ်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အချိန်ကျမှ ခရီးသည်တွေကို ပြန်ပေးခဲ့တာလို့ သိရပါတယ်။)
ပြည်ပထွက်ခွာခွင့် တံဆိပ်တုံးပေါ်မှာ နေ့စွဲနဲ့တကွ ရောက်မလာခဲ့တဲ့ စင်းလုံးငှားလေယာဉ်ရဲ့ ခရီးစဉ်အမှတ်ကိုပါ ဖော်ပြထားပါတယ်။
ခရီးစဉ်သည်တွေ လဝက ကောင်တာတွေဆီကို ကိုယ်တိုင်ကိုယ်ကျ ရောက်မလာပါပဲ ပြည်ပထွက်ခွာခွင့်တုံးတွေကို ရက်ရက်ရောရော ထုပေးခဲ့တဲ့ လဝက ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကို မြင်ရချိန်မှာတော့ မယုံကြည်နိုင်လောက်အောင် အံ့သြမိပါတယ်။
ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့တဲ့ နိုင်ငံကူးလက်မှတ် နှစ်ခုမှာမှ တစ်ခုကတော့ ဓါတ်ပုံထဲမှာပါတဲ့အတိုင်း ကြည်လင်ပြတ်သားစွာ ပြည်ပ ထွက်ခွာခွင့် ပေးတဲ့ တံဆိပ်တုံးပါ။
နောက်ထပ်စာအုပ်တစ်အုပ်မှာတော့ အဲဒီအတိုင်း ခွင့်ပြုထားတဲ့ တံဆိပ်တုံးပေါ်မှာ VOID ဆိုတဲ့ တံဆိပ်တုံး ကို မင်အနီရောင်နဲ့ ထပ်ပြီး နှိပ်ပေးထားခဲ့ပါတယ်။
ဒီနေရာမှာ ဘယ်နိုင်ငံ ဘယ်လေဆိပ်မျိုးမှာမှ မတွေ့ခဲ့ရဘူးတဲ့ ဝန်ဆောင်မှု ၂ မျိုးကို အံ့သြစရာ မှတ်တမ်းတင်လောက်စရာ အခုလိုတွေ့ရပါတယ်။
အဲဒီအချက် ၂ ချက်ဟာလဲ လဝက ဥပဒေ လေကြောင်းလိုင်း လေဆိပ် ဥပဒေတွေအရ ဘယ်လိုမှ မလုပ်သင့် မလုပ်ထိုက်တဲ့ အန္တရာယ်များလွန်းတဲ့ ဝန်ဆောင်မှု တွေပါပဲ။ လက်ရှိ ဒူဘိုင်းလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်မရဲ့ လုပ်ငန်းအတွေ့အကြုံတွေအရ Top security issue လို့ ပြောလို့ရပါတယ်။
၁။ ခရီးသည်တွေက သူတို့ယူဆောင်သွားမယ့် ခရီးဆောင်အိတ်တွေနဲ့အတူ လေဆိပ်ပြင်ပမှာ စောင့်စားနေချိန်မှာ ခရီးသည်ကို မတွေ့မမြင်ပါပဲ Check-in ကောင်တာတွေက boarding pass တွေ ထုတ်ထားပါတယ်။ ( boarding pass တွေကိုတော့ ခရီးသည်တွေလက်ထဲကို မထည့်ပေးထားပါဘူး။ ကောင်တာတွေမှာပဲ သိမ်းထားတယ်လို့ ပြောပါတယ်။)
၂။ လဝက အရာရှိတွေက ခရီးသွားမယ့်သူတွေကို မမြင်မတွေ့ရပါပဲ( လူကောင်းမှန်း လူဆိုးမှန်းမသိ ပါပဲ.. ခရီးသည်တွေကို သူတို့ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းနဲ့ တိုက်ဆိုင် စစ်ဆေးခြင်းမရှိပါပဲ) ပြည်ပ ထွက်ခွာခွင့် တံဆိပ်တုံးတွေကို ရက်ရက်ရောရော ထုပေးထားပါတယ်။
( နောက်ဆုံး ခရီးစဉ် ဖျက်သိမ်းလိုက်တာကို သိလိုက်တာတောင်မှ အချို့သော နိုင်ငံကူးလက်မှတ်တွေကို VOID တုံး မထုပါပဲ ပြန်ပေးလိုက်ကြပါတယ်)
မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ရန်ကုန်လေဆိပ်ကြီး အစစအရာရာ တိုးတက်ပြောင်းလဲလာတာကို ဝမ်းပမ်းတသာကြိုဆိုနိုင်ပါတယ်။
ရန်ကုန်လေဆိပ်ရဲ့ အပြုသဘောဆောင်တဲ့ ဝန်ဆောင်မှုတွေအတွက်လဲ ဂုဏ်ယူကျေနပ်နိုင်ပါတယ်။
ဒါပေမယ့် ဥပဒေမဲ့ ရမ်းကားစွာ ဝန်ဆောင်မှုပေးနေကြတဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ ပုဂလိက ဝန်ထမ်းတွေအနေနဲ့ မိမိတို့အလုပ်အပေါ် သစ္စာရှိသင့်ပါတယ်။
ဥပဒေနဲ့ မငြိတငြိ ဝန်ဆောင်မှုမျိုးအတွက် ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်းနဲ့မှ သဘောကောင်းစရာမလိုဘူးလို့ ထင်မြင်မိပါတယ်။
ဘယ်သူတွေဆီက ပိုက်ဆံဘယ်လောက်ပဲရရ နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းကမဟုတ်ပဲ ထောင်နဲ့ချီတဲ့ နိုင်ငံကူးလက်မှတ်တွေကို ပရမ်းပတာ ဝန်ဆောင်မှု မပေးသင့်ဘူးလို့ ထင်ပါတယ်။ ( အမှန်တကယ် လုပ်ပေးသင့်တဲ့ တစ်ယောက်စ နှစ်ယောက်စ VIP VVIP တွေအတွက် ရံဖန်ရံခါ လုပ်ပေးရတဲ့ ဝန်ဆောင်မှုမျိုး မဆိုလိုပါ။)
ဘာပဲ ဖြစ်ဖြစ် နောက်တစ်ကြိမ် အိမ်ပြန်ချိန်မှာလဲ ပိုလို့ တိုးတက်လာတဲ့ နိုင်ငံတကာလေဆိပ်တွေရဲ့ ဝန်ဆောင်မှုမျိုးကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မှတ်ချက် ၊ ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို မျှဝေခြင်းပဲ ဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသော ဆန္ဒမရှိပါ။
Wednesday, November 30, 2011
|
Labels:
အက်ဆေး
|
Documents for Embassy
My Blog List
-
-
ပဲခူး ( 5)6 hours ago
-
တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး14 hours ago
-
-
ရှပ်အကျီ င်္ နီညိုစင်းကလေး16 hours ago
-
ယနေ့သတင်းခေါင်းစဉ်များ19 hours ago
-
အိုဘယ့် . . . တိုင်ရီ20 hours ago
-
အဖိုးအိုနှင့်အာလူးခင်း20 hours ago
-
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ1 day ago
-
ဘတ်(စ)ဖွဲ့1 day ago
-
-
စိနတိုင်းသွားတောလား-၄2 days ago
-
-
လသာသော ည3 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂4 days ago
-
ဦးလေး.....4 days ago
-
တိုတိုထွာထွာသမိုင်း5 days ago
-
အဖြူရောင်ကင်းဗတ်စ်...5 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
First LOVE1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
-
အတွေးနှင့် အသက်ဆက်သူများ1 week ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....3 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....10 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

5 comments:
ကျွှတ်စိန်ကြီးနော် တကယ်လဲထွက်ခွါတာမဟုတ်ဘဲနဲ့  စုပေါင်းပြီးတိုင်သင့်တယ်
အင်း . . . ဖြစ်ရမယ်။
လေဆိပ်မရောက်တာကြာလို့ အခုလိုအပြောင်းအလဲတွေကို နှင်းပြောမှပဲ သိရတော့တယ်။ လက်ရှိလေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူမို့လို့ အခုလို ၀န်ဆောင်မှုမှာ အားသာအားနည်းချက်တွေ မြင်နိုင်တာ..။ ကာယကံရှင်တွေ သိဖို့လည်း လိုသေးတယ်နော်..။ နောက်ပိုင်းတော့ အဆင်ပြေလာမယ်လို့ မျှော်လင့်မိရပါရဲ့ နှင်းရေ...
အောက်ခြေထိ စည်းကမ်းလိုက်နာဖို့က အတော်လေးကို အချိန်ယူရဦးမှာပါ။ ဘာမှမှ မသိကြတာ။
တိုးတက်မှုကိုတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
တစ်နှစ်ထဲ... သုံးခေါက်ကြီးများတောင် ရန်ကုန်ပြန်ရတာ နာလိုဘူးဗျာ။
Post a Comment