အပေးအယူ
မနက်စောစော လေဆိပ်မှာ ဂျူတီကျတဲ့ တစ်ရက်မှာ ခရီးသည်တစ်ယောက်နဲ့ သက်ဆိုင်ရာလေကြောင်းလိုင်းက ဝန်ထမ်းတစ်ယောက် အခြေအတင်ဖြစ်နေကြတာကို တွေ့လိုက်ရပါသည်။ ပြဿနာကတော့ ခရီးသည်က လက်မှတ်ဝယ်ထားပြီး လေဆိပ်ကို နောက်ဆုံးအချိန်မှရောက်လာသလို တိုင်တိုက်ဆိုင်ဆိုင် သူရောက်လာတဲ့အချိန်မှာ အဲဒီခရီးစဉ်အတွက် ထိုင်ခုံပြည့်သွားလို့ လိုက်ပါခွင့်မရတဲ့ပြဿနာပါ။
ခရီးသွားတွေများလွန်းတဲ့ ဒီလိုရာသီမှာ နာမည်ကျော် လေကြောင်းလိုင်းတွေမှာတောင် ဘွတ်ကင်တွေ အများကြီး လက်ခံထားပြီး ထိုင်ခုံမလုံလောက်တဲ့ ဒီလို ပြဿနာတွေ ရှိတတ်တာမို့ သက်ဆိုင်ရာလေကြောင်းလိုင်းကဝန်ထမ်းက ခရီးသည်ကို ချိုသာယဉ်ကျေးစွာရှင်းပြနေခဲ့ပါသည်။
အခြေအတင်ဖြစ်နေတဲ့ ခရီးသည်က ကျွန်မရဲ့ အရှေ့မှာရပ်နေပြီး လေကြောင်းလိုင်းက တာဝန်ရှိတဲ့ ဝန်ထမ်းက ကျွန်မရဲ့ ဘေးက ထိုင်ခုံမှာ ထိုင်နေတာမို့ သူတို့နှစ်ယောက်ကြားက ပြဿနာကို အစအဆုံး မြင်နေရပေမယ့် လေဆိပ်မှာ ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ အမှုမဲ့အမှတ်မဲ့ နေလိုက်မိပါသည်။
ကျွန်မအရှေ့မှရှိနေတဲ့ အခြားခရီးသည်တစ်ယောက်နဲ့ အလုပ်ရှုပ်နေတဲ့အခိုက်မှာ ရုတ်တရက်ဆိုသလို ဂရိတ်ဗြိတိန်လို့ရေးထားတဲ့ နိုင်ငံကူးလက်မှတ်က ကျွန်မဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းကို ကျော်ဖြတ်ပြီး ကျွန်မခြေထောက်ရှေ့ကို ကျလာခဲ့ပါသည်။
တကယ်တော့ အဆိုပါခရီးသည်က သူ့ကို ရှင်းပြနေတဲ့ ဝန်ထမ်းရဲ့ မျက်နှာကို သူကိုင်ထားတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ကောက်ပေါက်လိုက်ခြင်းပဲဖြစ်ပါသည်။
ကြမ်းပြင်မှာကျနေတဲ့ စာအုပ်ကို ကောက်ယူပြီး ခရီးသည်ကို ပြန်ပေးဖို့ ပြန်ထလာချိန်မှာတော့ ဒေါသထွက်နေပုံရတဲ့ ခရီးသည်က ရန်စွယ်ငေါငေါနဲ့ ကျွန်မတို့ အလုပ်လုပ်နေတဲ့ conveyer Belt တွေကိုကျော်ပြီး ကောင်တာပေါ်ကို တက်လာတာကိုတွေ့လိုက်ရပါသည်။
ခရီးသည်က ကျွန်မဘေးက ထိုင်ခုံမှာထိုင်နေတဲ့ ဝန်ထမ်းကို ခြေထောက်နဲ့ ငါးချက်လောက်ဆင့်ပြီး ဆက်ကာဆက်ကာ ကန်ကျောက်ပါသည်။ တဆက်တည်းမှာလဲ ပါးစပ်မှ မကျေမနပ် ရေရွတ်ပြီး ပါးကို ဘယ်ပြန်ညာပြန် လေးချက်ဆင့်ပြီးရိုက်ပြန်ပါသည်။
ခရီးသည်က အလွန်အမင်း ဒေါသတကြီး ရန်ုပြုနေပေမယ့် ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ဝန်ထမ်းကတော့ ခရီးသည်ကို ဘာမှပြန်မပြောခဲ့။ လက်တုန့်ပြန်ဖို့ဝေးလို့ သူ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက် ကန်ကျောက်နေသူကို ရှောင်တိမ်းခြင်းတောင် မပြု ထိုင်ခုံမှာ ထိုင်မြဲဆက်ထိုင်နေခဲ့ပါသည်။ ဒါပေမယ့် တာဝန်အရ အရေးယူပေးနိုင်မယ့် ရဲကိုခေါ်ပေးဖို့ ပြောလဲပြော သူ့ရှေ့မှာရှိတဲ့ တယ်လီဖုန်းကိုလဲကောက်ယူပြီး ရဲကို ဖုန်းလှမ်းဆက်နေပါသည်။
တကယ်တော့ သူတို့နှစ်ယောက်လုံးက အသက်အရွယ်မတိမ်းမယိမ်း ကြံ့ခိုင်တဲ့ အမျိုးသားတွေဖြစ်တာမို့ မခံချင်စိတ်နဲ့ ပြန်လည်ခုခံတာမျိုး လက်တုန့်ပြန်တာမျိုး ဖြစ်ခဲ့ရင်လဲ ဘယ်သူ့ကိုမှ အဆိုးမဆိုသာပါ။
အဲဒီအချိန်မှာ ကောင်တာအောက်နားဆီမှာ ရှိနေတဲ့ အခြားခရီးသည်တွေက ရန်ပြုလာတဲ့ ခရီးသည်ကို ဝိုင်းဆွဲနေကြတာမို့ ရန်ပြုလာသူ ခရီးသည်က ကောင်တာပေါ်မှ မကျေမချမ်းနှင့် ပြန်ဆင်းဖို့ပြင်ပါသည်။ ပြန်မဆင်းမီအချိန်လေးမှာပဲ ခရီးသည်က ထိုင်နေသူ ဝန်ထမ်းရဲ့ မျက်နှာကို တံတွေးနှင့် ဆက်ကာဆက်ကာထွေးခဲ့ပြန်ပါသည်။
အလုပ်ရှုပ်လှတဲ့ မနက်ခင်းဖြစ်တာမို့ သူတို့နှစ်ဦးရဲ့ ပဋိပက္ခကို လေဆိပ်အတွင်းမှာရှိတဲ့ အခြားခရီသွားတွေက တအံ့တသြနဲ့ ငေးမောစောင့်ကြည့်နေကြပါသည်။
ကျွန်မဘေးက ဝန်ထမ်းက နောက်ဆုံးလက်ခံနေတဲ့ ခရီးသည်ကို လက်ခံပြီး ဒီလေယာဉ်အတွက် ခရီးသည်လက်ခံတာကို ပိတ်ဖို့ ကျွန်မကိုမှာခဲ့ပြီး လေဆိပ်ရဲကို တိုင်ချက်ဖွင့်ဖို့ သူတို့နှစ်ဦးထွက်သွားခဲ့ပါသည်။
သိပ်မကြာခင်လေးမှာပဲ သူတို့နှစ်ဦးပြန်ရောက်လာခဲ့ပါသည်။ လေဆိပ်အတွင်းမှာ ခရီးသွားများနဲ့ ဝန်ထမ်းများအကြား ပြဿနာ တစုံတရာရှိပါက နစ်နာသူဘက်မှ အမှုဖွင့်တိုင်ကြားခွင့်ရှိပါသည်။ ခရီးသည်ဘက်က ပြစ်မှုကျူးလွန်ပါကလဲ ခရီးစဉ်ကိုဖျက်သိမ်းပြီး လေဆိပ်မှာပဲ ထိန်းသိမ်းထားလေ့ရှိပါသည်။
လေဆိပ်မှာတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား နိုင့်ထက်စီးနင်း စော်ကားလေ့ရှိသော ခရီးသည်များကို သက်ဆိုင်ရာဝန်ထမ်းမှ အမှုဖွင့်တရားစွဲခွင့်ရှိပါသည်။ ဒါပေမယ့် တရားစွဲဆိုသည့်အဆင့်ရောက်ပါက မလိုအပ်ပဲ ရဲစခန်း တရားရုံးကိစ္စများပိုလာတတ်တာမို့ တော်ရုံကိစ္စများကို ဝန်ထမ်းများက သည်းခံခွင့်လွှတ်ရစမြဲ။ ခရီးသွားများအား စာနာစိတ်ဖြင့် သက်သေခိုင်လုံသည့်တိုင်အာင် အမှုကိုပြန်လည် ပိတ်ပေးရစမြဲ။
လေဆိပ်ဝန်ထမ်းများနှင့် ပက်သက်ပြီး အပြည့်အဝ လုံခြုံမှုပေးထားသော လေဆိပ်တစ်ခုလဲ ဥရောပနိုင်ငံတစ်နိုင်ငံမှာရှိပါသည်။ ခရီးသည်ဘက်မှ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လေဆိပ်ဝန်ထမ်းများအား နိုင့်ထက်စီးနင်း စော်ကားမော်ကား ပြောဆိုခွင့် ပြုမူခွင့်ပင်မရှိပါ။ ရိုင်းစိုင်းသော စကားပင်ပြောခွင့်မရှိပါ။
အဆိုပါဝန်ထမ်းပြန်လာချိန်တွင် ခရီးသည်လက်ခံမှုရပ်ဆိုင်ပြီးချိန်ဖြစ်သဖြင့် ကောင်တာတွင် လူရှင်းနေခဲ့ပါသည်။ ကျွန်မသိရသလောက် လေယာဉ်ပေါ်တွင် ထိုင်ခုံလက်ကျန်မရှိတော့ပါ။ အခြားကောင်တာတစ်ခုရှေ့မှာတော့ အချင်းဖြစ်ပွားသော ခရီးသည်နှင့်အတူ နောက်နေ့လေယာဉ်အတွက် ခရီးစဉ်ပြောင်းပေးလိုက်သော ခရီးသည် ခုနစ်ဦးခန့် စောင့်ဆိုင်းလျှက်ရှိပါသည်။
အမှုပိတ်လာပုံရသောဝန်ထမ်းက ခရီးသည်စာရင်းနှင့် ကုန်ပစ္စည်းအလေးချိန်များကို တွက်ချက်စစ်ဆေးပါသည်။ ပြီးတော့ လေယာဉ်မှူးကို ဆက်သွယ်ပြီး ခရီးသည်တစ်ဦး အပိုလက်ခံပေးဖို့ မေတ္တာရပ်ခံနေတာကို ကြားလိုက်ရပါသည်။ ထိုင်ခုံတစ်နေရာစာ စီစဉ်ပြီးချိန်အထိ သူ့လုပ်ရပ်ကို ကျွန်မကိုယ်တိုင် နားမလည်ခဲ့ပါ။
နောက်ဆုံးမှာတော့ သူ့ကိုရန်ပြုစော်ကားခဲ့သော ခရီးသည်ကို လက်ခံပေးဖို့ ကျွန်မကိုမှာကြားခဲ့ပြီး ကောင်တာမှထွက်ခွာသွားမှ သူ့ရဲ့ သည်းခံနိုင်စွမ်းကို များစွာအံ့သြမိရပါသည်။
ထိုခရီးသည်ကိုခေါ်ပြီး လက်ခံပေးချိန်မှာတော့ ဆောရီးဆိုတဲ့ စကားတစ်ခွန်းကို အကြိမ်ကြိမ်ပြောနေခဲ့ပါသည်။ တကယ်တော့ သူအမှန်တကယ် တောင်းပန်သင့်သူမှာ ကျွန်မ မဟုတ်ပါ။ လေဆိပ်တာဝန်ကျ ရဲဝန်ထမ်းလဲ မဟုတ်ဆိုတာကို ခရီးသွားသူကောင်းစွာသိပါသည်။
သူပြုမှုခဲ့သော အပြုအမူနဲ့ သူပြန်လည်ရရှိခဲ့သော တုန့်ပြန်မှုအပေါ် သူကောင်းစွာ သဘောပေါက်နေပုံရပါသည်။
ကျွန်မရဲ့ အမြင်အရ ဗြိတိန်နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားသူ ( အဆိုပါ ခရီးသည်မှာ ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ထားသော အာဖရိက တိုက်သားတစ်ဦးသာဖြစ်ပါသည်) ခရီးသည်မှာ နိုင်ငံကြီးသား စိတ်ဓါတ်စိုးစဉ်းမျှရှိပုံမရပါ။ သူခေတ္တ ရောက်ရှိနေသော နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလဲ နားလည်ဟန်မရှိပါ။
ထိုသို့သော ခရီးသည်မျိုးအတွက် သာမန်ထက်ပိုသော ဝန်ဆောင်မှုမျိုးမရနိုင်တာသေချာပါသည်။
အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်မရဲ့ စီနီယာ ဝန်ထမ်းတစ်ဦးကြုံတွေ့ခဲ့ရဘူးပါသည်။
အလားတူဖြစ်စဉ်တွင် အလားတူ ခရီးသည်မှ သူပါးရိုက်ခဲ့သော ဝန်ထမ်းကို လေယာဉ်ပေါ်မတက်မီ ခြေထောက်ကိုင်ပြီး တောင်းပန်ခဲ့ဘူးပါသည်။ ခရီးသွားခွင့်မရပဲ ကျန်ရစ်ခဲ့သော ခရီးသည်များစွာထဲမှ သူ့ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သူကို နောက်ဆုံးကျန်ရှိသော ခုံနေရာကို စီစဉ်ပေးဖို့ ဦးစားပေးပြီး နေရာပေးဖို့ တော်ရုံတန်ရုံ ဝန်ထမ်းအနေဖြင့် မစွမ်းနိုင်ပါ။ တော်ရုံသည်းခံစိတ်ဖြင့် ဝန်ဆောင်မှု မပေးနိုင်ပါ။
သို့သော်လည်း သာမန်ထက်ပိုသော သည်းခံစိတ် မွေးနိုင်သူများ ကျွန်မတို့အနားတွင် ရှိနေတတ်ပါသည်။
သာမန်ထက်ပိုသော သည်းခံစိတ်ဖြင့် လူတစ်ဦးတစ်ယောက်ထက်မက လူအများရဲ့ နှလုံးသားတွေကို အောင်နိုင်တယ်ဆိုတာ သူတို့ယုံကြည်နေခဲ့ပါသည်။
အပေးအယူဆိုတာ တန်ဘိုးတူစရာ မလိုဘူးဆိုတာကိုလဲ သူတို့ ယုံကြည်နေကြသည်လေ။။။။။။
Documents for Embassy
My Blog List
-
-
-
အတွေး ၊ အမြင် မတူသော မှတ်စု4 hours ago
-
ကြယ်တွေစီးတဲ့မြစ်...4 hours ago
-
လူကိုနွေးထွေးစေတဲ့ စကားငါးခွန်6း hours ago
-
ငရဲပန်းများ ဆီသို့14 hours ago
-
-
အမှားများနဲ့ ကဗျာတွေ ...17 hours ago
-
စိနတိုင်းသွားတောလား-၅19 hours ago
-
လွမ်းလို့လာတာလို့ပဲပြောရမှာပဲဗျာ21 hours ago
-
စိုက်ထူထားသော1 day ago
-
သုည1 day ago
-
-
ပဲခူး ( 5)1 day ago
-
ရှပ်အကျီ င်္ နီညိုစင်းကလေး1 day ago
-
ယနေ့သတင်းခေါင်းစဉ်များ2 days ago
-
အဖိုးအိုနှင့်အာလူးခင်း2 days ago
-
ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ2 days ago
-
လသာသော ည5 days ago
-
-
အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂5 days ago
-
ဦးလေး.....6 days ago
-
-
ဂိမ်း နဲ့ ဂန့် 1 week ago
-
-
အမှတ်တရ... အင်ဒရီယာ...1 week ago
-
ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။1 week ago
-
အတွေးနှင့် အသက်ဆက်သူများ2 weeks ago
-
-
ဒီအကြည့် ဒီအငွေ့ ဒီအတွေ့2 weeks ago
-
သေမင်းကိုရင်ဆိုင်ခြင်း (CASE 1)3 weeks ago
-
-
အဲဒီပန်းတွေ မပွင့်ပါစေနဲ့4 weeks ago
-
ကြယ်တွေကြွေနေတဲ့ တိုင်းပြည်4 weeks ago
-
-
ဖြစ်ပျက်ရှာပုံတော်ခရီးသည် ( ၆ )1 month ago
-
ပင်လောင်းဆောင်း1 month ago
-
Happy 2012, Everyone!!!1 month ago
-
သက်ငြိမ်၌စီးမျောခြင်း (၁)3 months ago
-
-
မော်ဒန် အချစ်တိုင်ရတု3 months ago
-
စကားဝါတောသို့ အလွမ်းပြေ....4 months ago
-
၂၆ ရက် စက်တင်ဘာလ ၂၀၁၁4 months ago
-
မျက်ရည်ရဲ့ တန်ဖိုး4 months ago
-
ကျေးဇူးတင်လွှာ5 months ago
-
လမ်းခွဲ နုတ်ဆက်ခြင်း5 months ago
-
Web Site Links5 months ago
-
ခုတလော8 months ago
-
ခြေထောက်ကိုဆွဲ .......သရဲ9 months ago
-
Wet Shotcrete Laboratory Tests10 months ago
-
သာဓုပါ သာဓုပါတော်....11 months ago
-
-
“ ကိုယ်စား ”1 year ago
-
ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)1 year ago
-
အတူတူ လင့်ချိတ်ဖို့1 year ago
-
-
-
Salad အကြောင်းလေပေါမယ်1 year ago
-
ကွင်းဖူးသူများ မကြည့်ရ1 year ago
-
အပျင်းပြိုင်ချင်ကြပါသလား.....2 years ago
-
-

9 comments:
အားရာ မလွယ်တဲ့ အလုပ်ပဲ
ကျနော် သာဆို ... အဲ့ ဒီ ခရီ သည်ကို တစ်ခုခု ပြန် လုပ်မိမှာ သေချာ တယ် ...
အင်းနော် ဘာပဲဖြစ်ဖြစ် အဲလောက်ကြီး သည်းခံနိုင်ဖို့ဆိုတာ မလွယ်ဘူး....နော် မမ :):)
သည်းခံတယ်ဆိုတာ တကယ်တော့ မလွယ်တဲ့အလုပ်ပါပဲလေ
သည်းခံဖို့က အပြောထက် အများကြီးခက်တယ် ...
"ဒေါသကြီးသူကို သည်းခံမှုဖြင့် အောင်မြင်ရာ၏" တဲ့။
မနှင်း။
ချစ်တဲ့
သဒ္ဓါ
သာမန်ထက်ပိုတဲ့ သည်းခံစိတ်ဖြင့် လူတစ်ဦးတစ်ယောက်ထက်မက၊ လူအများရဲ့ နှလုံးသားတွေကို အောင်နိုင်တယ်..ဆိုတာ အကြွင်းမဲ့ ယုံကြည်လက်ခံတယ် နှင်းရေ...။ အခုဖြစ်ရပ်ကတော့ ၀န်ဆောင်မှုပေးတဲ့ နေရာဆိုတော့ customer right ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဆောင်ရွက်တာကို အံသြစဖွယ် ပြသွားခဲ့တာပဲနော်။
နှင်းပို့စ်လေးဖတ်ပြီးမှ ခေါင်းငုံ့ သည်းခံခဲ့ရတဲ့ အချိန်တွေကို ချက်ချင်း ပြန်သတိရသွားတယ်။ အခုအချိန်မှာတော့ ထိုက်သင့်တာထက်ပိုတဲ့ အကျိုးကို ခံစားခွင့်ရနေပြီပေါ့။
သီးခံနိုင်ခြင်းဆိုတာ
ဘ၀ရဲ့အောင်မြင်မှုပါပဲလေ
ခွင့်လွတ်တတ်တယ် သီးခံစိတ်ရှိတယ်ဆိုတာ
အကောင်းဆုံး လူနေမှုလို့ထင်မိတယ်
အပေါ်က အမမြသွေးပြောသလိုပါပဲ
နှစ်သစ်မှာပျော်ရွှင်မှု
အောင်မြင်မှုတွေပြည့်ဝပါစေ
ဒီပို့စ်ဖတ်ရင်း တွေးနေမိတာ ဒီဝန်ထမ်းနေရာမှာသာဆို ကိုယ်အဲ့လိုသည်းခံနိုင်ပါ့မလားလို့း( စိတ်မကောင်းစရာပဲ ဒီဝန်ထမ်းရဲ့ ၀န်ထမ်းကောင်းပီသလွန်းတဲ့ သည်းခံစိတ်ကို ခံစားမိတော့ သည်းခံတယ်ဆိုတာ အတိုင်းတာတော့ရှိသင့်တာပေါ့ လို့ ကိုယ့်ပါသာလက်ကိုင်ထားတဲ့ အတွေးကိုတောင် ပြင်ရတော့မလိုလို တကယ်ပဲ လေးစားစရာ ၀န်ထမ်းကောင်းပါပဲ ။
Post a Comment