အရေခွံပျောက်ဆုံးနေသူများ နဲ့ ဝင်ကစွပ် သံသရာ

ဒီနေ့ သတင်းတစ်ပုဒ်တွေ့လိုက်ပါတယ်။
အဖေရော အမေရော မြန်မာနိုင်ငံသားမဟုတ်ပဲ လာဘ်ယူပြီး နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးတဲ့ လဝက ဦးစီးအရာရှိတွေကို စစ်ဆေးတွေ့ရှိပါက အရေးယူမယ်ဆိုတဲ့ သတင်းပါ။
ဒီလို သတင်းမျိုးကို လွန်ခဲ့တဲ့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက်တည်းက ထုတ်ပြန်သင့်ပါတယ်။
တကယ်ဆို မြန်မာ အစိုးရဟာ အကျင့်ပျက်ခြစား နိုင်ငံ့ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူတဲ့ နေရာမှာ ပြောစမှတ်တွင်လောက်အောင် လုပ်ဆောင်ခဲ့ဘူးတဲ့ အချိန်တွေလဲ ရှိခဲ့ပါတယ်။
တချိန်တုန်းက အကောက်ခွန်ဝန်ထမ်းတွေကို အကျင့်ပျက် ခြစားမှုတွေကြောင့် ဥပဒေအရ အရေးယူခဲ့ပါတယ်။ စာရေးစာချီကအစ ညွှန်မှုး ညွှန်ချုပ်အဆုံး အကောက်ခွန်ရုံး တစ်ရုံးလုံးနီးပါး အင်းစိန်ကို ပို့ခဲ့တဲ့ အချိန်တုန်းက အကောက်ခွန်အရာရှိတစ်ဦးက သူ့ကားကို သူကိုယ်တိုင် မောင်းပြီး အင်းစိန်ထောင်ကို သွားပြီး အဖမ်းခံခဲ့တာကို တွေ့ခဲ့ ဘူးပါတယ်။
အခုလဲ လဝက ဦးစီးအရာရှိတွေနဲ့ ဝန်ထမ်းတွေ ဘက်ကို လှည့်လာပြန်ပါပြီ။ ဒီနေရာမှာ အကောက်ခွန်နဲ့ လဝက ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေ ယှဉ်ကြည့်လို့ရပါတယ်။
အကောက်ခွန်ဝန်ထမ်းတွေ လာဘ်စားပြီး တရားမဝင် လိုင်စင်မဲ့ ပစ္စည်းတွေ တင်သွင်းလာတဲ့အတွက် သက်မဲ့ တရားမဝင် ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို ဝင်ကောင်းဝင်လာနိုင်ပါတယ်။
လဝက ဝန်ထမ်းတွေ လာဘ်စားပြီး တင်သွင်းလာတာကတော့ သက်ရှိ မျိုးပွားနိုင်တဲ့ လူတွေပါ။
တစ်ယောက်စ နှစ်ယောက်စကနေ စလာတဲ့ သက်ရှိသွင်းကုန်တွေက အချိန်ကျလာရင် တရားဝင်လိုင်စင်နဲ့ မျိုးပွားပြီး ဧည့်သည်ကနေ အိမ်ရှင်နေရာယူသွားကြပါတယ်။
ခွေးတိုးပေါက်ကနေတိုးဝင်လာတဲ့ သူတွေရော လေယာဉ်ပျံကြီးစီးပြီး ခေတ္တလာလည်သယောင် အယောင်ဆောင်ထားတဲ့ အယောင်ဆောင် ဧည့်သည်တွေရော အိမ်ရှင်ဖြစ်ဖို့ ကြိုးစားလာကြတယ်။
သူတို့ကြိုးစားတဲ့ပုံလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဝင်ကစွပ်ကောင်တွေလို အရေခွံ့လဲပစ်ပြီး ဧည့်သည်က အိမ်ရှင်နေရာယူလိုက်တဲ့ ပုံစံမျိုးဆိုတော့ သေသေချာချာစဉ်းစားကြည့်ရင် မိအေးက နှစ်ခါ မက အခါခါနာရတဲ့ ကိန်းကို ဆိုက်ပါတယ်။
မြန်မာပြည်မှာ ဘိုးစဉ်ဘောင်ဆက်က ဓါးမဦးချနေလာခဲ့ပေမယ့် တရုတ်သွေးပါလို့ ကုလားသွေးပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံသားဖြစ်ခွင့်မရသူတွေ။ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့် ဆုံးရှုံးသူတွေ အမြောက်အများရှိပါတယ်။
ကျွန်မတွေ့ခဲ့ဘူးတဲ့ အန်တီကြီးတစ်ယောက်ဆိုရင်လဲ သူတို့ခေတ်တုန်းက ဆေးတက္ကသိုလ်ဝင်ခွင့်မီပေမယ့် မိဘ ဘိုးဘွားများဟာ တရုတ်သွေးစပ်နေတဲ့အတွက် ဆေးတက္ကသိုလ်မှာ ပညာသင်ဖို့ အခွင့်အလမ်း ဆုံးရှုံးခဲ့ဘူးပါတယ်။
ဒါပေမယ့် အဲဒီအန်တီကြီး အိမ်ထောင်ပြုပြီး မွေးလာတဲ့ သားသမီး လေးယောက်လုံးကတော့ အင်ဂျင်နီယာ ဆရာဝန် ရေကြောင်းပညာတက္ကသိုလ်တွေ တက်ခွင့်ရခဲ့ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျွန်မ မြန်မာပြည်ကနေပြန်လာတဲ့ အချိန်မှာ ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လာပါတယ်။ ကျွန်မနဲ့ ဘေူချင်းကပ်ရက်မှာတော့ အသက် ၁၈ နှစ်သာသာလောက်ရှိတဲ့ ရှမ်းတရုတ်မလေးတစ်ယောက်ပါလာပါတယ်။
ကျွန်မက ဘန်ကောက်ကနေတဆင့် အခြားလေယာဉ်ထပ်စီးရမှာပါ။ ရှမ်းတရုတ်မလေးကတော့ ဘန်ကောက်ကို သွားတာဖြစ်တဲ့အတွက် လေယာဉ်ပေါ်မှာ ဖြည့်ရတဲ့ ( ထိုင်းနိုင်ငံ ဝင်ခွင့်အတွက်) စာရွက်အဖြူလေးကို ဖြည့်ရပါတယ်။
ချာတိတ်မလေးက စာရွက်နဲ့ ဘောပင်နဲ့ ကိုင်ပြီး ကျွန်မကို အကူအညီတောင်းလာပါတယ်။ “ကျွန်မ အင်္ဂလိပ်စာ မတတ်ဘူးရှင့် အဖတ်လဲ အားနည်းတယ် အရေးလဲ အားနည်းတယ်.. ကျွန်မကို ကူညီပေးပါ” လို့တလုံးချင်း မပီမသ ပြောလာပါတယ်။ မြန်မာစကားကိုလဲ တော်တော်လေးစဉ်းစဉ်းစားစား ပြောနေပုံပါပဲ။ ရှမ်းသံဝဲဝဲနဲ့ တစ်ခွန်းချင်းပြောနေတဲ့ ချာတိတ်မဆီက နိုင်ငံကူးလက်မှတ်ကို တောင်းလိုက်ပါတယ်။
သူမရဲ့ နိုင်ငံကူးလက်မှတ်ထဲကအတိုင်း အဖြူရောင်စာရွက်လေးထဲမှာ ကိုယ်ရေး အချက်အလက်တွေကို ရေးဖြည့်ပေးနေရင်းက ညီမလေးနာမည်က နွယ်နွယ်လှိုင် မွေးနေ့က …… လား လို့ တစ်ခုချင်း မေးတော့ သူမက အားရပါးရ ရီပါတယ်။
ကျွန်မနာမည်အရင်းက ရှောက်လွယ်ပါ။ ဒီအထဲက နာမည်တွေ မွေးနေ့တွေ အကုန်လုံးက မှားနေပါတယ်။ ကျွန်မတို့ မိသားစုက သူများမိသားစုဆီက သန်းခေါင်စာရင်း ဝယ်ထားတာပါ။ အဖေရော အမေရော မောင်လေးရော အဲဒီသန်းခေါင်စာရင်းထဲက နာမည်နဲ့ မှတ်ပုံတင်တွေ ပါစ်စပို့တွေ ယူထားတာပါ။
ကျွန်မ အဖေက တရုတ်ပြည်မှာမွေးတာ ကျွန်မအမေက ယိုးဒယားမှာမွေးတာပါ။ ကျွန်မတို့မိသားစုမှာ တရုတ်ပြည်က နိုင်ငံသားကဒ် နိုင်ငံကူးလက်မှတ် ၊ယိုးဒယားက နိုင်ငံသားကဒ် နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံက မှတ်ပုံတင် နိုင်ငံကူးလက်မှတ်တွေ အားလုံးရှိပါတယ်။
အမေက ယိုးဒယားမှာ မိကျောင်းသားရေ အိတ်တွေထုတ်တဲ့ စက်ရုံပိုင်ပါတယ်။ စီးပွားရေးလဲ ဘန်ကောက်မှာပဲ လုပ်ပါတယ်။ အမေက မြန်မာပြည်ကို မိကျောင်းသားရေအိတ်တွေပို့တော့ ဈေးကြီးလို့ မြန်မာပြည်မှာ မရောင်းရပါဘူး။ အဖေကတော့ တရုတ်ပြည်မှာပဲ စီးပွားရေးလုပ်နေပါတယ်။
ကျွန်မကိုလဲ ယိုးဒယားမှာပဲ မွေးပါတယ်။ အဲတော့ ကျွန်မက ယိုးဒယားစကားပဲ ကောင်းကောင်းပြောတတ်ပါတယ်။ မြန်မာစကား မြန်မာစာကို ကောင်းကောင်းနားလည်ဖို့ သင်နေတုန်းပါပဲ။ ယိုးဒယားနဲ့ တရုတ်ပြည်ကိုတော့ တခါတခါ နယ်စပ်ကနေလဲ သွားပါတယ်။ တခါတခါ လေယာဉ်ပျံနဲ့လဲ သွားပါတယ်… လို့ သူတို့ မိသားစုရဲ့ ဇာတ်လမ်းကို စီကာပါတ်ကုံးပြောပြရှာပါတယ်။ ကျွန်မကိုလဲ သူမရဲ့ ဖုန်းနံပါတ်ကိုလဲ ပေးခဲ့ပါတယ်။
သူမနဲ့ လမ်းခွဲချိန်မှာတော့ ယိုးဒယားမလေး ရှောက်လွယ်က နွယ်နွယ်လှိုင် အဖြစ် ကမ္ဘာပတ်နေတဲ့ အချိန်မှာ မြန်မာမလေး နွယ်နွယ်လှိုင်တစ်ယောက် ဘယ်ရောက်နေရှာလဲဆိုတဲ့ မေးခွန်းကိုတစ်ယောက်တည်း မေးနေမိပါတယ်။
နွယ်နွယ်လှိုင်နဲ့ မိသားစုဝင် လေးယောက်လုံး မြန်မာပြည်မှာ မှတ်ပုံတင်မဲ့ သန်းခေါင်စာရင်းမဲ့များ ဖြစ်နေမလား…
မှတ်ပုံတင် သန်းခေါင်စာရင်းမိတ္တူနဲ့ နေနေကြလား…
ဒါမှမဟုတ် မူရင်းအတိုင်း ပုံတူပွားထားတဲ့ မှတ်ပုံတင် သန်းခေါင်စာရင်းနဲ့ပဲ နေနေကြသလား….
မဆီမဆိုင် ထပ်စဉ်းစားမိလိုက်ပြန်တာက နွယ်နွယ်လှိုင်တို့ မိသားစုလိုက် သန်းခေါင်စာရင်း မှတ်ပုံတင်တွေရောင်းလိုက်ရတဲ့ ငွေတွေနဲ့ လယ်ပိုင်ယာပိုင် ကြေးရတတ်တွေများဖြစ်သွားလေလား….ဆိုတဲ့ အတွေးပါပဲ။
ကျွန်မ မြင်တွေ့ခဲ့ရတဲ့ အဲဒီဖြစ်စဉ်တွေက မြန်မာပြည်ထဲမှာ မကြာခဏ ကြားနေရတဲ့ ဖြစ်စဉ်တွေပါ။ သိပ်တော့မဆန်းလှပါဘူး။
ပြီးတော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အခွန်ရှောင်ချင်ရုံသက်သက် ပြစ်မှုတွေ ရှောင်ချင်ရုံသက်သက်နဲ့ သန်းခေါင်စာရင်းတွေ ဝယ် မှတ်ပုံတင်တွေဝယ်ပြီး နိုင်ငံကူးလက်မှတ်တွေ တစ်ခုထက်ပိုပြီး ကိုင်နေကြတာတွေလဲ မြန်မာအသိုင်းအဝိုင်းမှာ ဖက်ရှင်တစ်ခုတောင်ဖြစ်နေသလားမသိပါဘူး။
နိုင်ငံကူးလက်မှတ် တစ်ခုထက်ပိုပြီးကိုင်တာက အခွန်ရှောင်ချင်လို့ ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေတွေကို ကျူးလွန်ထားလို့ တခုမဟုတ် တခု ဖြစ်နိုင်ပါတယ်။
အဲဒါထက်ဆိုးတာက မြန်မာတွေ နိုင်ငံသားစိစစ်ရေးကဒ် တစ်ခုထက်ပိုပြီး ကိုင်နေကြတာပါပဲ။
ပြည်တွင်းမှာ နေထိုင်နေသူတွေ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားကို နှစ်ခု သုံးခုကိုင်ကြတာလဲ ဘယ်လို ယူထားကြတာလဲ … ဆိုတဲ့ မေးခွန်းကို မေးကြည့်ချင်ပါတယ်။
လဝက ဥပဒေအရ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှစ်ခု ကိုင်ဆောင်ထားတာ တရားမဝင်ပါ… တွေ့ရှိရင် အရေးယူခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအမှုကြောင့် အရေးယူ အပြစ်ပေးခံရတဲ့ ပြစ်မှုတွေ မှုခင်းတွေ ထဲမှာ မရှိခဲ့ပါဘူး..။။ တရားဝင် ပြောင်ပြောင်တင်းတင်းပဲ ဖက်ရှင်လုပ်ပြီး မှတ်ပုံတင် နှစ်ခု ကိုင်နေသူတွေ ဒုနဲ့ဒေးပါ။
အခြားတစ်ဘက်မှာလဲ (FRC )နိုင်ငံသားမဟုတ်လို့ ငြင်းဆိုခံထားရတဲ့ နိုင်ငံသားစစ်စစ်တွေ နိုင်ငံသားစိစစ်ရေးကဒ်မရှိလို့ ကိုယ့်အိမ်ထဲကကိုယ် ထွက်မရတဲ့ ဒုက္ခသည်တွေလဲ ဒုနဲ့ဒေးပါပဲ။
အခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းစစ်ကြမယ်ဆိုရင် ခွေးတိုးပေါက်ကဝင်လာသူ ဝင်ကစွပ်တွေ အဆင့်အတန်းမြင့်မြင့် ကျူးကျော်လာသူ ဝင်ကစွပ်တွေနဲ့ မြန်မာနိုင်ငံသားတွေရယူထားကြတဲ့ တရားဝင် အသက်ရှိ အသက်မဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေ အရေး ရင်လေးမိပါတယ်။
မြန်မာလူမျိုးတွေ အရမ်းရိုးပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က မြန်မာလူမျိုးတွေ အရမ်းကို ရိုးသားကြပါတယ်။
ကျွန်မတို့လူမျိုး အရေခွံ့ကို စွပ်ပြီး ဝင်လာနေကြတဲ့ ဝင်ကစွပ်ကောင်တွေ ဘယ်လောက်တောင်များနေပြီလဲ ဆိုတာကို ဘယ်သူမှ မသိနိုင် မမြင်နိုင် ဂရုမစိုက်နိုင်လောက်အောင်လဲ ကန်းကြပါသေးတယ်။
မြေမြိုလို့ လူမျိုးမပျောက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ဆွဲထားသူများ ဝင်ကစွပ်တွေကို အရေခွံပြောင်းပေးနေသရွေ့ မြန်မာလူမျိုးတွေရဲ့ အရေခွံတွေ ပျောက်နေမှာ သေချာပါတယ်။
နိုင်ငံသားမှတ်ပုံတင်တွေ စိစစ်တဲ့ အလုပ် ဧည့်စာရင်းစစ်တဲ့အလုပ်တွေထက် ပိုမိုထိရောက်မယ့် နည်းလမ်းလေးတွေရှိရင် ထုတ်သုံးကြပါအုံး။။ လမ်းဟောင်းကြီးက ခွဲထွက်ကြပါအုံး။။။။ အယောင်ဆောင်အရေခွံတွေကို စစ်ဆေးရေတွက်နေမယ့်အစား အခွံကျွတ်ပြီး အဆံသာကျန်တဲ့ မြန်မာနိုင်ငံသားစစ်စစ်တွေကို တင့်တင့်တယ်တယ်လုံလုံခြုံခြုံဖြစ်အောင် ပျောက်ဆုံးနေတဲ့ အခွံတွေ ပြန်ရှာပေးပါအုံးလို့ ပြောချင်ပါတယ်။။။
အဖေရော အမေရော မြန်မာနိုင်ငံသားမဟုတ်ပဲ လာဘ်ယူပြီး နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးတဲ့ လဝက ဦးစီးအရာရှိတွေကို စစ်ဆေးတွေ့ရှိပါက အရေးယူမယ်ဆိုတဲ့ သတင်းနဲ့ ဥပဒေတော့ ထွက်လာပါပြီ။။။
နည်းဥပဒေ မရှိသေးဘူးလို့တော့ ထပ်မပြောပါနဲ့တော့……
မူးယစ်ကုန်သည် လိင်ကုန်သည် လူမှောင်ခိုတွေကို ပြည်ဝင်ခွင့်အတွက် စိစစ်ပြီးမှ လက်ခံမယ်ဆိုတဲ့ စီမံကိန်းအကြီးကြီးတွေကို ပြောနေမယ့်အစား ပြည်တွင်းနေ အရေခွံပျောက်နေသူတွေကို အရင်ဆုံး ရှာဖွေ ကယ်တင်ကြည့်ပါလို့ ပြောပါရစေ။။။။။
Thursday, June 14, 2012
|
Labels:
အက်ဆေး
|
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
My Blog List
-
မိုးသည်းည ပုံပြင်......6 hours ago
-
လွမ်းသူ့ ခေါင်းလောင်းသံ8 hours ago
-
မနော်ဟရီ ရဲ့ ၂၀၁၀ ( ကျမ အတွက်တော့ ၂၀၁၃)8 hours ago
-
အနက်ရောင်လှုပ်ရှားမှု ၃1 day ago
-
အိုင်ရင်းရေးသောစာများ (၂)1 day ago
-
အတ္တအကျဉ်းသား..။1 day ago
-
စိတ်တိုတတ်တဲ့မျောက်3 days ago
-
Vehicle 193 days ago
-
-
~~@ မိုးး (၂ ) @ ~~4 days ago
-
ပိတောက်ပွင့်ချိန် ...4 days ago
-
စင်ကြယ်သွားတဲ့ဆင်ကြယ်လေး4 days ago
-
အိုင်အိုဝါ ရက်စွဲများ အပိုင်း (၃)5 days ago
-
မိန်းမနှစ်ယောက်ရဲ့ ချစ်ခြင်း5 days ago
-
-
၂၀၁၂ ရဲ့ နောက်ဆုံးခရီ6း days ago
-
အနီရောင်ကြိုး1 week ago
-
ခါးသက်သက် ချိုမြ1 week ago
-
ရှင်သန်ခြင်း ဥပဒေဿ1 week ago
-
ဆုံဆည်းကြတဲ့ အခါ...1 week ago
-
အနုပညာစစ်ဖို့ လမ်းသစ်ထွင်ပါ1 week ago
-
-
-
နာဆာနောက်ဆုံးတွေ့မယ့် ကမ္ဘာ2 weeks ago
-
ချက်လက်မှတ်လေးတစ်စောင်2 weeks ago
-
-
-
ခဏတာလေးအတွင်း2 weeks ago
-
ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၅)3 weeks ago
-
လေနှင်ရာဆီသို့3 weeks ago
-
မိသားစု ကဗျာများ4 weeks ago
-
ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့5 weeks ago
-
သရဲတွေ ၀ိုင် သောက်တတ်သလား1 month ago
-
-
-
ပါစတာ ဟူသည်....1 month ago
-
စာအန်ခြင်း2 months ago
-
အဘယ့်ကြောင့်...2 months ago
-
-
-
ကမ္ဘာပျက်တယ်ဆိုတာ..2 months ago
-
-
မျှော်လင့်ခြင်းပွင့်ဖတ်ကောက်သူ3 months ago
-
"သံသရာ ခရီးသွား "3 months ago
-
-
-
အူသံရှည် နေ့စွဲများ (၂)4 months ago
-
-
အဆုံးသတ်ပေးပါ .....5 months ago
-
ကျနော်တို့မြန်မာပြည် ၀န်ဆောင်မှုလုပ်ငန်းများ (၁)5 months ago
-
နောက်တစ်ကြိမ်5 months ago
-
-
ပုံရိပ်ယောင်လမ်း5 months ago
-
-
-
အနံ့ခံတာကို ခံနေရတယ်7 months ago
-
-
-
မြတ်နိုးမိသည်မှတစ်ပါး ....8 months ago
-
ဖြစ်စေချင်တဲ့ ဆန္ဒလေးတခု9 months ago
-
-
June 2012 Summary10 months ago
-
ကြယ်တစ်ပွင့် ကြွေလွင့်ကယ်စော...11 months ago
-
ကြယ်တစ်ပွင့် ကြွေလွင့်ကယ်စော...11 months ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)1 year ago
-
အသိပေးခြင်း1 year ago
-
မသိချင်ယောင်မဆောင်ကြေး1 year ago
-
-
သက်ငြိမ်၌စီးမျောခြင်း (၁)1 year ago
-
မော်ဒန် အချစ်တိုင်ရတု1 year ago
-
မျက်ရည်ရဲ့ တန်ဖိုး1 year ago
-
-
-
ခုတလော1 year ago
-
ခြေထောက်ကိုဆွဲ .......သရဲ2 years ago
-
-
သာဓုပါ သာဓုပါတော်....2 years ago
-
-
ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်2 years ago
-
-
Salad အကြောင်းလေပေါမယ်2 years ago
-
ကွင်းဖူးသူများ မကြည့်ရ2 years ago
-
ချွတ်ယွင်းမှု၌ တွေးခေါ်ခြင်3း years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....3 years ago
-
-
-
6 comments:
အဟုတ်ဘဲ မနှင်းရေ...
ကိုယ့်ဘက်က ဘောင်မလုံတော့လဲ ရေတွေ ဒလဟော စီးဝင်ကြတာ မဆန်းပါဘူး။ ဖြစ်မှ ထလုပ်တာထက် မဖြစ်ခင်ကထဲက ကြိုတင် လုပ်ထားရင် အခုလောက် ပြဿနာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။
ဒါပေမဲ့..
အခုအချိန်က စပြီး စိစိစစ်စစ် တကယ်လုပ်ကြမယ်ဆိုရင်လဲ ၀မ်းသာလို့ မဆုံးပါဘူး။
အားလုံး နိုင်ငံနဲ့အမျိုးကို ထိန်းသိမ်းနိုင်ကြပါစေ။
ခုချိန်ခါမှာတော့ ဒီလို ပိုစ့်လေးက အလိုအပ်ဆုံးပါဘဲ နှင်းရေ..
ကိုယ်တွေ့လေးနဲ့ ပေါင်းစပ်ပြီး ရေးထားတာ တကယ်ကို ထိထိရောက်ရောက် လုပ်သင့်ပြီဖြစ်တဲ့ နိုင်ငံသားမှတ်ပုံတင်ကိစ္စဆိုတာ မှန်ပါတယ်။ နှင်းရေ နှင်းပြောသလိုဘဲ ရှမ်းပြည်နယ်မှာ မှတ်ပုံတင်ရထားတဲ့ တရုတ်တွေ အများကြီးဘဲ။ သူတို့တွေက ကိုယ်ပိုင်မှတ်ပုံတင်မဟုတ်ဘဲ နှင်းရေးသလို သူများ အိမ်ထောင်စုထဲဝင်ပြီး မှတ်ပုံတင် ရထားကြသူတွေ အတော်ကို များတာပါ။ ကိုယ့်နိုင်ငံသားတွေ လုံခြုံဖို့ အကောင်းဆုံး စဉ်းစားသင့်ကြပါပြီ နှင်းရေ။
Good article, you should send this to any local media.
နှင်းရေ..
သိပ်ကောင်းတဲ့ပို့စ်လေးပါ...
အချိန်အခါနဲ့လည်း ကွက်တိပါဘဲ...
အဓိကနဲ့ သာမညကို ခွဲခြားသိပြီး ဘယ်အရာကို ဦးသားပေးလုပ်သင့်တယ်ဆိုတာ သိဖို့လိုပါလိမ့်မယ်..
ကွဲကွဲပြားပြား ခွဲခွဲခြားခြား မြင်တတ်ကြဖို့လည်း လိုပါလိမ့်မယ်...။
Hi your blogs looks so impormative and interesting.would you come and visit us back too
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
အိုးမိုင် ဂေါ့ မနှင်းရေ ..ဒီပိုစ့်လေးကိုသိပ်ကြိုက်မိတယ် ပြောချင်တဲ့စကားတွေ အကုန်ဘဲ .
ဂွတ် ..း))
ချစ်ခင်လျှက်
ဂျာရစ်
Post a Comment